“ပရီးမီးယားလိဂ်ပွဲစဉ်(၇)ရဲ့ အကောင်းဆုံးကစားသမားအဖြစ် ရွေးချယ်ခံရတဲ့ ကိုင်စီဒို”
08 Oct
ချဲလ်ဆီးအသင်းရဲ့ ကွင်းလယ်ခံစစ်ကစားသမား ကိုင်စီဒို ဟာ ပရီးမီးယားလိဂ်ပွဲစဉ်(၇)ရဲ့ အကောင်းဆုံးကစားသမားအဖြစ် ရွေးချယ်ခံခဲ့ရကြောင်း သိရပါတယ်။ ပရီးမီးယားလိဂ် ပွဲစဉ် ၇ ရဲ့ အကောင်းဆုံးကစားသမားရွေးချယ်ဖို့ ဆန်ခါတင် ၈ ဦးစာရင်း ထုတ်ပြန်ခဲ့ပြီး ပရိသတ်တွေရဲ့ဆန္ဒမဲကောက်ခံခဲ့ရာမှာ ကိုင်စီဒို က ဆန္ဒမဲ ၃၁ ရာခိုင်နှုန်းရရှိပြီး အကောင်းဆုံးကစားသမားအဖြစ် ရွေးချယ်ခံခဲ့ရတာ ဖြစ်ပါတယ်။ ကိုင်စီဒိုဟာ ဒီရာသီပရီးမီးယားလိဂ်မှာ Man of the Match ဆုအများဆုံးရရှိထားတဲ့ ကစားသမားအဖြစ် ရပ်တည်နေကြောင်းလည်း သိရပါတယ်။ ကိုင်စီဒို ဟာ ချဲလ်ဆီးအသင်းမှာ ဂန္ထဝင်ကစားသမားတစ်ဦး ဖြစ်ချင်ကြောင်း ပြောကြားခဲ့ပါတယ်။ (NVS 008 )
08 Oct