“တရုတ် ၃ နိုင်ငံဖိတ်ခေါ်ဘောလုံးပြိုင်ပွဲမှာ အနိုင်ရဗိုလ်စွဲခဲ့တဲ့ အားကာသိပ္ပံအမျိုးသားအသင်း”

07 Oct

တရုတ်နိုင်ငံမှာ ကျင်းပတဲ့ သုံးနိုင်ငံချစ်ကြည်ရေးဘောလုံးပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ မြန်မာနိုင်ငံ ကိုယ်စားပြု အားကာသိပ္ပံ အမျိုးသားဘောလုံးအသင်းဟာ ပြိုင်ပွဲမှာ အနိုင်ရဗိုလ်စွဲခဲ့ကြောင်း သိရပါတယ်။ ပြိုင်ပွဲကို တရုတ်နိုင်ငံ၊ လန်ချန်းမြို့မှာ ပြီးခဲ့တဲ့စက်တင်ဘာလ ၃၀ ရက်ကနေ အောက်တိုဘာလ ၆ ရက်အထိ ကျင်းပပြုလုပ်ခဲ့ပြီး အိမ်ရှင်တရုတ်၊ မြန်မာ၊ ဗီယက်နမ်အသင်းတို့ ပါဝင်ယှဉ်ပြိုင်ခဲ့ကြပါတယ်။ တရုတ်ဖိတ်ခေါ်သုံးနိုင်ငံပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ အားကာသိပ္ပံအမျိုးသားဘောလုံးအသင်းမှာ ဒီရာသီ MNL အမှတ်ပေးလိဂ်ပြိုင်ပွဲဝင် အားကာသိပ္ပံအသင်းက ကစားသမားတချို့နဲ့ MNL U-21 အမှတ်ပေးလိဂ်ပြိုင်ပွဲဝင် အားကာသိပ္ပံလူငယ်အသင်းက ကစားသမားတွေ ပါဝင်သွားခဲ့ကြောင်း သိရပါတယ်။ တရုတ်ဖိတ်ခေါ် သုံးနိုင်ငံပြိုင်ပွဲမှာ အနိုင်ရဗိုလ်စွဲသွားတဲ့ အားကာသိပ္ပံအမျိုးသားဘောလုံးအသင်းဟာ ဆုကြေးငွေ တရုတ်ယွမ် ၁၂,၀၀၀ ရရှိခဲ့ကြောင်း သိရပါတယ်။ (NVS 008)

07 Oct

ADVERTISE HERE .