“ယူဂန္ဓာအင်တာနေရှင်နယ်စီးရီး ကြက်တောင်ပြိုင်ပွဲမှာ ဗိုလ်စွဲခဲ့တဲ့ ဟိဏ်းထွဋ်”

07 Oct

ယူဂန္ဓာနိုင်ငံမှာ ကျင်းပတဲ့ ယူဂန္ဓာအင်တာနေရှင်နယ်စီးရီး ၂၀၂၅ ကြက်တောင်ပြိုင်ပွဲမှာ မြန်မာကစားသမား ဟိဏ်းထွဋ် အနိုင်ရဗိုလ်စွဲခဲ့ကြောင်း သိရပါတယ်။ ကမ္ဘာ့ကြက်တောင်အဖွဲ့ချုပ်(BWF)ရဲ့ လက်အောက်ပြိုင်ပွဲတစ်ခုဖြစ်တဲ့ ယူဂန္ဓာအင်တာနေရှင်နယ်စီးရီး ကြက်တောင်ပြိုင်ပွဲကို အောက်တိုဘာလ ၂ ရက်ကနေ ၅ ရက်အထိ ကျင်းပပြုလုပ်ခဲ့ပါတယ်။ အဆိုပါပြိုင်ပွဲမှာ ဟိဏ်းထွဋ် ဟာ (၃၂) ဦးအဆင့်မှာ ယူအေအီးကစားသမားကို (၂၁-၁၁၊ ၂၁-၁၃) မှတ်၊ ၁၆ ဦးအဆင့်မှာ အိန္ဒိယကစားသမားကို (၂၁-၁၅၊ ၂၁-၁၀) မှတ်၊ ကွာတားအဆင့်မှာ အိန္ဒိယကစားသမားကို (၂၁-၁၅၊ ၂၁-၁၈) မှတ်၊ ဆီမီးဖိုင်နယ်အဆင့်မှာ အိန္ဒိယကစားသမားကို (၂၁-၁၀၊ ၂၃-၂၁) မှတ်၊ဗိုလ်လုပွဲမှာ မလေးရှားကစားသမားကို (၂၁-၉၊ ၂၁-၁၅) မှတ်နဲ့ အနိုင်ရရှိခဲ့ပြီး ဗိုလ်စွဲခဲ့တာဖြစ်ပါတယ်။ ဟိဏ်းထွဋ် ဟာ ပြီးခဲ့တဲ့စက်တင်ဘာလ ၂၅ ရက်ကနေ ၂၈ ရက်အထိ ကျင်းပပြုလုပ်ခဲ့တဲ့ Kampala International 2025 ကြက်တောင်ပြိုင်ပွဲကိုလည်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ဗိုလ်လုပွဲကို တက်ရောက်နိုင်ခဲ့ပေမယ့် ဗိုလ်လုပွဲမှာ အိန္ဒိယကစားသမားကို ရှုံးနိမ့်ပြီး ဒုတိယဆုနဲ့သာ ကျေနပ်ခဲ့ရပါတယ်။ (NVS 008)

07 Oct

ADVERTISE HERE .