“ဥဇဘက်ကစ္စတန်လက်ရွေးစင်အသင်း နည်းပြအဖြစ် ခန့်အပ်ခံရတဲ့ ကင်နာဗာရို”
07 Oct
နာမည်ကျော် အီတလီနောက်ခံလူဟောင်း ကင်နာဗာရို ဟာ ဥဇဘက်ကစ္စတန်လက်ရွေးစင် အသင်းနည်းပြ အဖြစ် ခန့်အပ်ခံခဲ့ရကြောင်း သိရပါတယ်။ အသက် ၅၂ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ကင်နာဗာရို ဟာ ကစားသမားဘဝမှာ Ballon d'Or ဆု ရယူနိုင်ခဲ့သူဖြစ်ပြီး နည်းပြဘဝမှာတော့ တရုတ်လက်ရွေးစင်အသင်းအပါအဝင် အသင်း ၇ သင်းကို ကိုင်တွယ်ခဲ့ဖူးပေမဲ့ အောင်မြင်မှု မရရှိသေးပါဘူး။ နောက်ဆုံးကိုင်တွယ်ခဲ့တာက ခရိုအေးရှားကလပ် ဒိုင်နမိုဇာဂရက်အသင်းဖြစ်ပြီး ဧပြီလမှာ လမ်းခွဲပြီး ကတည်းက အသင်းလက်မဲ့ဖြစ်နေတာ ဖြစ်ပါတယ်။ ဥဇဘက်ကစ္စတန်အသင်းက ၂၀၂၆ ကမ္ဘာ့ဖလား ခြေစစ်ပွဲအောင်မြင်ထားပြီဖြစ်ပြီး အသင်းရဲ့သမိုင်း တစ်လျှောက် ပထမဆုံးအကြိမ် ကမ္ဘာ့ဖလားယှဉ်ပြိုင်ခွင့်ရရှိခြင်းဖြစ်တာကြောင့် ကင်နာဗာရို ကို နည်းပြသစ်အဖြစ် ခန့်အပ်ကာ အကြီးစားပြင်ဆင်မှု ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။ ကင်နာဗာရိုဟာ ကူဝိတ်နဲ့ ယှဉ်ပြိုင်ရမယ့် ခြေစမ်းပွဲမှာ ဥဇဘက်ကစ္စတန်နည်းပြအဖြစ် စတင်ဆောင်ရွက်ရမယ်လို့ သိရပါတယ်။ (NVS 008)