“ချဲလ်ဆီးအသင်းရဲ့ ဂန္ထဝင်တစ်ဦးဖြစ်ချင်တယ်လို့ဆိုတဲ့ ကိုင်စီဒို”

07 Oct

အီကွေဒေါကွင်းလယ်ကစားသမား ကိုင်စီဒို က ချဲလ်ဆီးအသင်းရဲ့ဂန္ထဝင်တစ်ဦး ဖြစ်ချင်တယ်လို့ ပြောကြားခဲ့ပါတယ်။ ကိုင်စီဒို ဟာ ဒီရာသီမှာ ချဲလ်ဆီးအသင်းအတွက် ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ်မှာ ပွဲတိုင်း ပွဲချိန်ပြည့် ပါဝင်ကစားကာ ခြေစွမ်းပြနေပြီး ကစားသမားဟောင်းတွေဖြစ်တဲ့ ကွန်တေ၊ မက်ခီလီလီတို့နဲ့ နှိုင်းယှဉ်ချီးကျူးခြင်း ခံနေရပါတယ်။ ကိုင်စီဒို ဟာ ၂၀၂၃ နွေရာသီမှာ ဘရိုက်တန်ကနေပေါင် ၁၀၅ သန်းနဲ့ ပြောင်းရွှေ့လာခဲ့သူဖြစ်ပြီး ပြီးခဲ့တဲ့ရာသီမှာ ချဲလ်ဆီးရဲ့ အကောင်းဆုံးကစားသမားအဖြစ် ရွေးချယ်ခံခဲ့ရပါတယ်။ ဒီရာသီမှာလည်း ပရီးမီးယားလိဂ် ၇ ပွဲမှာ ပွဲစဉ်အလိုက်အကောင်းဆုံးကစားသမားဆု ၃ ကြိမ်ရရှိပြီး အများဆုံးရရှိသူအဖြစ် ရပ်တည်နေပါတယ်။ (NVS 008)

07 Oct

ADVERTISE HERE .