“ပရီးမီးယားလိဂ်ကို ပြန်မှာ မဟုတ်ဘူးဆိုတဲ့ ဟာရီကိန်း”

07 Oct

အင်္ဂလန်လက်ရွေးစင်အသင်းခေါင်းဆောင် ဟာရီကိန်း က ဘိုင်ယန်မြူးနစ်အသင်းအတွက် အာရုံအပြည့် စိုက်နေပြီး ပရီးမီးယားလိဂ်ကို ပြန်မယ့်သတင်းများကို ငြင်းဆန်ခဲ့ပါတယ်။ ဒါ့အပြင် ဘိုင်ယန်မြူးနစ်အသင်းနဲ့ စာချုပ်သက်တမ်းတိုးဖို့ ဆန္ဒရှိနေတယ်လို့လည်း ဝန်ခံခဲ့ပါတယ်။ ဟာရီကိန်း ဟာ ၂၀၂၃ ခုနှစ် နွေရာသီမှာ စပါးအသင်းကနေ ပေါင် ၈၆ ဒသမ ၄ သန်းနဲ့ ဘိုင်ယန်မြူးနစ်အသင်းထံ ရောက်ရှိလာပြီး လေးနှစ်စာချုပ် ချုပ်ဆိုထားတာပါ။ အသက် ၃၂ နှစ် အရွယ် ဟာရီကိန်း အနေနဲ့ ဘိုင်ယန်မြူးနစ် အသင်းအတွက် ၁၀၆ ပွဲကစားပြီး ၁၀၃ ဂိုးအထိ သွင်းယူထားပါတယ်။ (NVS 008)

07 Oct

ADVERTISE HERE .