“OPEC+3 နိုဝင်ဘာလတွင် ရေနံစည်ပမာဏ တိုးမြှင့်ထုတ်လုပ်မည်”
07 Oct
ရေနံတင်ပို့သည့်နိုင်ငံများနှင့် မိတ်ဖက်နိုင်ငံများအဖွဲ့(OPEC+)က နိုဝင်ဘာလအတွင်း ရေနံစည်ပမာဏကို တိုးမြှင့်ထုတ် လုပ်သွားရန် အောက်တိုဘာလ ၅ ရက်တွင် ဆုံးဖြတ်ချက်ချမှတ်လိုက်ကြောင်း သိရသည်။ ကမ္ဘာ့စီးပွားရေးမျှော်မှန်းချက်အလား အလာက တည်ငြိမ်မှုရှိမည့်အခြေအနေ၊ ဈေးကွက်ကမောက်ကမ ဖြစ်မှုမရှိသည့် အခြေအနေနှင့် ထုတ်လုပ်ထားပြီးသည့် ရေနံပမာဏနည်းပါးမှုအခြေအနေတို့ကို ထောက်ရှု၍ နိုင်ငံပေါင်းရှစ်နိုင်ငံပါဝင်သော အဆိုပါအဖွဲ့ကြီးက နိုဝင်ဘာလအတွင်း တစ်ရက်လျှင်ရေနံစိမ်းစည် ၁၃၇,၀၀၀ ကို တိုးမြှင့်ထုတ်လုပ်ရန် ဆုံးဖြတ်လိုက်သည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။ သို့သော် ယင်းပမာဏသည် မျှော်မှန်းထားသည်ထက် နည်းနေသောကြောင့် ကမ္ဘာ့ရေနံဈေးနှုန်းမှာ အနည်းငယ်မြင့်တက်လာကြောင်း သိရသည်။
07 Oct