“ကိုယ်ခံအားစနစ်နှင့် ပတ်သက်၍ ဖော်ထုတ်နိုင်သည့် ပညာရှင်သုံးဦး ဆေးပညာဆိုင်ရာ နိုဘယ်ဆုရရှိ”

07 Oct

လူ့ခန္ဓာကိုယ်၏ ကိုယ်ခံအားစနစ်နှင့်ပတ်သက်၍ တွေ့ရှိချက်အသစ်ဖော်ထုတ်နိုင်သည့် ဆေးပညာရှင် သုံးဦးသည် ၂၀၂၅ ခုနှစ်အတွက် ဆေးပညာဆိုင်ရာနိုဘယ်ဆုကိုရရှိကြောင်းသိရသည်။ အဆိုပါပညာရှင်များ၏တွေ့ရှိမှုကြောင့် လူတို့၏ကိုယ်ခံအားစနစ်များက မည်ကဲ့သို့ အလုပ်လုပ်သည်ကို ပိုမိုနားလည်လာရခြင်းဖြစ်ကြောင်း နိုဘယ်ဆုရွေးချယ်ရေးကော်မတီဥက္ကဋ္ဌက အောက်တိုဘာလ ၆ ရက်မှာ ပြောသည်။ ၂၀၂၅ ခုနှစ်အတွက် ဆေးပညာဆိုင်ရာ နိုဘယ်ဆုရရှိသူများမှာ အမေရိကန်နိုင်ငံမှ ဘရန်ကောင်းနှင့် ရမ်စဒဲ၊ ဂျပန်နိုင်ငံမှ ဆာကာဂူချီတို့ဖြစ်ပြီး ၎င်းတို့၏လေ့လာတွေ့ရှိမှုများသည် ကိုယ်ခံအားရောဂါ၊ ကင်ဆာ ရောဂါတို့အတွက် ကုထုံးအသစ်များထွက် ပေါ်လာစေနိုင်မည်သာမက အစားထိုး ခွဲစိတ်မှုများကိုလည်း ပိုမိုအောင်မြင်မှု ရရှိစေနိုင်မည်ဖြစ်ကြောင်းသိရသည်။

07 Oct

ADVERTISE HERE .