နည်းပြသစ် ပိုစတီကိုဂလူး ရဲ့အနာဂတ်ကို လာမည့်ရက်သတ္တပတ်အတွင်း ဆုံးဖြတ်သွားမည့် နော်တင်ဟမ်အသင်း

06 Oct

နော်တင်ဟမ်အသင်းရဲ့ရလဒ်များ ဆိုးရွားနေတဲ့အတွက် အသင်းနည်းပြသစ်အဖြစ် ခန့်အပ်ထားတဲ့ ပိုစတီကိုဂလူး ရဲ့ အနာဂတ်နဲ့ပတ်သက်ပြီး လာမည့်ရက်သတ္တပတ်အတွင်း ဆုံးဖြတ်ချက်ချမှတ်သွားမည်ဖြစ်ကြောင်း သိရပါတယ်။ နော်တင်ဟမ်အသင်းက ပြီးခဲ့သည့်ဘောလုံးရာသီမှာ အသင်းကို ရလဒ်ကောင်းများနဲ့ ယူရိုပါလိဂ်ဝင်ခွင့် ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့တဲ့ နည်းပြ ဆန်းတို့စ် ကို ရာထူးမှထုတ်ပယ်ခဲ့ပြီး နည်းပြသစ်အဖြစ် စပါးအသင်း နည်းပြဟောင်း ပိုစတီကိုဂလူး ကို နည်းပြသစ်အဖြစ် ခန့်အပ်ခဲ့ပါတယ်။ နည်းပြ ပိုစတီကိုဂလူး အနေနဲ့ ယခင်အသင်းဟောင်း စပါးအသင်း၌ ရလဒ်များဆိုးရွားနေပြီး ပရီးမီးယားလိဂ် ပြိုင်ပွဲတွင် နိုင်ပွဲမရရှိသေးသလို ယူရိုပါလိဂ်ပြိုင်ပွဲတွင်လည်း ရှုံးနိမ့်ခဲ့ပြီးနောက် အနာဂတ်မရေမရာဖြစ်လာခဲ့ပြီး ယခု ဘောလုံးရာသီ၌ နော်တင်ဟမ်အသင်းသို့ ရောက်ရှိခဲ့ခြင်းဖြစ်ပါတယ်။ နော်တင်ဟမ်အသင်း တာဝန်ရှိသူများက နည်းပြ ပိုစတီကိုဂလူး ကို လာမည့်ပွဲစဉ်များရဲ့ ရလဒ်ကို စောင့်ကြည့်ပြီး ဆုံးဖြတ်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။(NVS 008)

06 Oct

ADVERTISE HERE .