ဖရန်ကီဒီဂျောင် နဲ့ စာချုပ်သက်တမ်းတိုးရန် ဘာစီလိုနာအသင်းစီစဉ်

06 Oct

ဘာစီလိုနာအသင်းက ကွင်းလယ်ကစားသမား ဖရန်ကီဒီဂျောင် နဲ့ စာချုပ်သက်တမ်းတိုးရန် စီစဉ်လျက် ရှိပါတယ်။ အသက် ၂၈ နှစ်အရွယ် ကွင်းလယ်ကစားသမားကို လက်ရှိအချိန်တွင် ဥရောပကလပ်အသင်းများက ခေါ်ယူရန် စိတ်ဝင်စားနေခြင်းကြောင့် အသင်းက စာချုပ်သက်တမ်းတိုးရန် စီစဉ်လာခြင်းဖြစ်ပါတယ်။ ကွင်းလယ်ကစားသမား ဖရန်ကီဒီဂျောင် အနေနဲ့ ဘာစီလိုနာအသင်းနှင့်အတူ ၂၀၁၉-၂ဝ၂ဝ မှ ၂၀၂၅-၂၀၂၆ ဘောလုံးရာသီအထိ ပြိုင်ပွဲစုံ ၂၆၆ ပွဲကစားပြီး ၁၉ ဂိုးထိသွင်းယူကာ ခြေစွမ်းပြထားနိုင်ခဲ့ပါတယ်။ ဘာစီလိုနာအသင်းထုတ်ပြန်ချက်တွင် ဖရန်ကီဒီဂျောင် နဲ့ စာချုပ်သက်တမ်းတိုးရန် စီစဉ်နေပြီဖြစ်ကြောင်းနဲ့ ကစားသမားကိုယ်တိုင်ကလည်း အသင်းမှာပျော်ရွှင်လျက်ရှိကြောင်း ထုတ်ပြန်ခဲ့ပါတယ်။(NVS 008)

06 Oct

ADVERTISE HERE .