သက်တမ်းတိုးစာချုပ်သစ်ချုပ်ဆိုရန် ငြင်းဆိုထားသည့် ကိုနာတေး ကို ဇန်နဝါရီအပြောင်းအရွှေ့ကာလတွင် ရောင်းချသွားမည်
06 Oct
လီဗာပူးလ်အသင်းက သက်တမ်းတိုးစာချုပ်သစ် ချုပ်ဆိုရန် ငြင်းဆိုထားတဲ့ ကိုနာတေး ကို လာမည့်ဇန်နဝါရီ အပြောင်းအရွှေ့ကာလတွင် ရောင်းချရန်အတွက် ဆုံးဖြတ်ထားကြောင်း သိရပါတယ်။ ကိုနာတေးနဲ့ လီဗာပူးလ်အသင်းတို့ စာချုပ်သက်တမ်းမှာ ယခုနှစ်ဘောလုံးရာသီအကုန်တွင် ကုန်ဆုံးမည် ဖြစ်ပြီး လီဗာပူးလ်အသင်းက လက်မလွှတ်လိုတဲ့အတွက် စာချုပ်သက်တမ်းတိုးရန် အကြိမ်ကြိမ်ကမ်းလှမ်းခဲ့ သော်လည်း ကိုနာတေး က ပယ်ချခဲ့ခြင်းဖြစ်ပါတယ်။ ကိုနာတေး ကို ရာသီအကုန်တွင် ထိပ်တန်းကလပ်အသင်းများဖြစ်တဲ့သည့် ရီးရဲလ်မက်ဒရစ်အသင်းက အလွတ်ပြောင်းရွှေ့ကြေးဖြင့် ခေါ်ယူရန်စောင့်ကြည့်နေပြီး ကိုနာတေး ကိုယ်တိုင်ကလည်း အာနိုးကဲ့သို့ပင် အလွတ်ပြောင်းရွှေ့ကြေးဖြင့် ရီးရဲလ်မက်ဒရစ်အသင်း သို့ ပြောင်းရွှေ့လိုနေခြင်းဖြစ်ပါတယ်။ (NVS 008)
06 Oct