ဗီလာရီးရဲလ်အသင်းနှင့် ပွဲစဉ်တွင် တိုက်စစ်မှူး အမ်ဘာပေ ဒဏ်ရာရရှိ

06 Oct

ရီးရဲလ်မက်ဒရစ်အသင်းက ဗီလာရီးရဲလ်အသင်းကို သုံးဂိုး၊ တစ်ဂိုးဖြင့် အနိုင်ရခဲ့သည့်ပွဲစဉ်တွင် ရီးရဲလ် တိုက်စစ်မှူး အမ်ဘာပေ ဒဏ်ရာရရှိခဲ့ကြောင်း သိရပါတယ်။ အဆိုပါပွဲစဉ်တွင် တိုက်စစ်မှူး အမ်ဘာပေ က အသင်းတိုက်စစ်ကို ဦးဆောင်လာခဲ့ပြီး ဗီလာရီးရဲလ်အသင်းကို ဆက်တိုက်ဖိအားပေးနိုင်သော်လည်း တိုက်စစ်ကစားသမားများ အဆုံးသတ်မသေချာမှုကြောင့် ပထမပိုင်းတွင် ဂိုးမရှိသရေရလဒ်ထွက်ပေါ်ခဲ့ပါတယ်။ ဒုတိယပိုင်း ပြန်လည်စတင်ပြီး ပွဲကစားချိန် ၄၇ မိနစ်တွင် အမ်ဘာပေ ရဲ့ ဖန်တီးပေးမှုမှ ဗင်နီစီးယက်စ်၊ ပွဲချိန် ၆၉ မိနစ်တွင် ဗင်နီစီးယက်စ် က ပင်နယ်တီမှ ဒုတိယဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ ပွဲချိန် ၇၃ မိနစ်တွင် ဗီလာရီးရဲလ် အသင်းက ချေပဂိုးသွင်းယူမှုခဲ့ပြီး ပွဲချိန် ၈၁ မိနစ်တွင် အမ်ဘာပေ က တတိယဂိုးသွင်းယူခဲ့ပြီး သုံးဂိုး၊ တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့ပါတယ်။ ပွဲကစားချိန် ၈၃ မိနစ်တွင် တိုက်စစ်မှူး အမ်ဘာပေ ဒဏ်ရာရရှိခဲ့လို့ ရိုဒရီဂို နဲ့ လူစားလဲခဲ့ပြီး ဒဏ်ရာကို စစ်ဆေးမှုများ ပြုလုပ်နေသော်လည်း ရက်သတ္တပတ် အနည်းငယ်ခန့် အနားယူရမည်ဖြစ်ကြောင်း သိရပါတယ်။ အဆိုပါပွဲစဉ်တွင် အမ်ဘာပေ အနေနဲ့ ဂိုးသွင်းယူနိုင်ခဲ့လို့ ကလပ်အသင်းနှင့် နိုင်ငံအသင်းအပါအဝင် ပြိုင်ပွဲစုံ ကိုးပွဲ ဆက်တိုက် ဂိုးသွင်းယူနိုင်ခဲ့သည့် မှတ်တမ်းကောင်းကို ရရှိခဲ့ပါတယ်။(NVS 008)

06 Oct

ADVERTISE HERE .