ဂါဇာ၌အပစ်အခတ်မရပ်ဘဲ တိုက်ခိုက်မှုကို ခေတ္တသာရပ်ဆိုင်းပေးမည်ဟု အစ္စရေးပြော

06 Oct

အစ္စရေးတပ်ဖွဲ့များအနေဖြင့် ဂါဇာ၌လုပ်ဆောင်နေသော တိုက်ခိုက်မှုများနှင့်ပတ်သက်၍ အပစ်အခတ် ရပ်သွားမည်မဟုတ်ကြောင်းနှင့် တိုက်ခိုက်မှုများကို ခေတ္တမျှသာ ရပ်ဆိုင်းပေးမည်ဖြစ်ကြောင်း အစ္စရေးအစိုးရအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက အောက်တိုဘာလ ၅ ရက်တွင် ပြောသည်။ အစ္စရေးစစ်ဘက်အနေဖြင့် ဂါဇာဒေသ၌ ခံစစ်သဘောဆောင်သည့် တိုက်ခိုက်မှုများကို ဆက်လုပ်သွားမည် ဖြစ်ကြောင်း အစိုးရအဖွဲ့မှပြောရေးဆိုခွင့်ရှိသူ ရှိုးဘက် ဒရိုရှန် က ပြောသည်။ အမေရိကန်နိုင်ငံက အဆိုပြုထားသော ငြိမ်းချမ်းရေးအစီအစဉ်တွင် ပါဝင်လာသည့် အဓိကကျသော အစိတ်အပိုင်းများနှင့်ပတ်သက်၍ ဟားမက်အဖွဲ့က သဘောတူသည်ဟုထုတ်ပြန်ကာ ဟားမက်အဖွဲ့၏ သဘောတူမှု အပေါ်ထောက်ရှု၍ အစ္စရေးအနေဖြင့် ဂါဇာကို ဗုံးကြဲနေမှုရပ်တန့်ရန် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် က တောင်းဆိုပြီးနောက် အစ္စရေးဘက်က ယခုကဲ့သို့ ထုတ်ပြန်လာခြင်းဖြစ်သည်။ ဂါဇာတွင် ဖြစ်ပွားနေသော စစ်ပွဲပြီးဆုံးရန် အစ္စရေးနှင့်ဟားမက်တို့အနေဖြင့် ထိုငြိမ်းချမ်းရေးအစီအစဉ်ပါ အချက်များအားလုံးကို သဘောတူရမည်ဖြစ်ကြောင်းနှင့် နောက်ဆက်တွဲ တွေ့ဆုံဆွေးနွေးမှုများကို အောင်မြင်စွာ လုပ်ဆောင်သွားရမည်ဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက ပြောထားသည်။

06 Oct

ADVERTISE HERE .