မြောက်ကိုရီးယားက စစ်လက်နက်စပ္ပစည်းပြပွဲတွင် ခေတ်ရှေ့ပြေးစစ်လက်နက်ပစ္စည်းများစွာကို ထုတ်ဖော်ပြသ

06 Oct

မြောက်ကိုရီးယားနိုင်ငံ ပြုံယမ်းမြို့၌ကျင်းပသော စစ်လက်နက်ပစ္စည်းပြပွဲသို့ မြောက်ကိုရီးယားနိုင်ငံ ခေါင်းဆောင် ကင်ဂျုံအွန် တက်ရောက်ကြောင်းနှင့် ထိုအခမ်းအနားတွင် ခေတ်ရှေ့ပြေးစစ်လက်နက်ပစ္စည်းများကို ထုတ်ဖော်ပြသထားကြောင်း မြောက်ကိုရီးယားနိုင်ငံပိုင် KCNA သတင်းဌာနက အောက်တိုဘာလ ၅ ရက်တွင် ဖော်ပြ ထားသည်။ မြောက်ကိုရီးယားနိုင်ငံရှိ အာဏာရပါတီဖြစ်သော ကိုရီးယားအလုပ်သမား ပါတီတည်ထောင်မှု နှစ်(၈၀)ပြည့် အထိမ်းအမှတ်အဖြစ် အဆိုပါစစ်လက်နက်ပစ္စည်းပြပွဲကို ကျင်းပခြင်းဖြစ်သည်။ ယခုကျင်းပသော စစ်လက်နက်ပစ္စည်း ပြပွဲတွင် ခင်းကျင်းပြသထားသည့် လက်နက်များသည် နိုင်ငံ၏အဓိက ကျသော စီမံကိန်းများမှထွက်ပေါ်လာသည့် အောင်မြင်မှုများဖြစ်ကြောင်း၊ ထိုစစ်လက်နက်များသည် မြောက် ကိုရီးယားနိုင်ငံ၏ ကာကွယ်ရေးစွမ်းပကားကို ပိုမိုတိုးတက်မြင့်မားစေမည်ဖြစ်ကြောင်း ကင်ဂျုံအွန် က မှတ်ချက်ပြု ပြောသည်။ လက်ရှိဖြစ်ပွားနေသော လုံခြုံရေးအခြေအနေများအရ အမျိုးသားကာကွယ်ရေးအင်အားကို ပိုမိုခိုင်မာအောင် လုပ်ရန်မှတစ်ပါး အခြားမရှိကြောင်း၊ မြောက်ကိုရီးယားနိုင်ငံအပေါ် ခြိမ်းခြောက်လာမှုမှန်သမျှကို စစ်ရေးအင်အားနှင့် နည်းပညာအင်အား အသုံးပြု၍ ကာကွယ်သွားမည်ဖြစ်ကြောင်း ကင်ဂျုံအွန် က ပြောထားသည်။

06 Oct

ADVERTISE HERE .