“အင်္ဂလန်အသင်းရဲ့ ကစားသမားစာရင်းမှာ ဘယ်လင်ဂမ်၊ ဖိုဒန်နဲ့ ဂရီးလစ်ရှ်တို့ ချန်လှပ်ခံရ”
05 Oct
အင်္ဂလန်အသင်းဟာ ယခုလအတွင်း ယှဉ်ပြိုင်ရမယ့် နိုင်ငံတကာပွဲစဉ်တွေအတွက် ကစားသမား ၂၄ ဦးစာရင်းကို ဒီနေ့ ထုတ်ပြန်ကြေညာခဲ့ပြီး အာဆင်နယ်တောင်ပံကစားသမား ဆာကာ ပြန်လည်ပါဝင်လာခဲ့ပေမဲ့ ရီးယဲလ်ကွင်းလယ်ကစားသမား ဘယ်လင်ဂမ်၊ မန်စီးတီးတောင်ပံကစားသမား ဖိုဒန်နဲ့ အဲဗာတန်တောင်ပံကစားသမား ဂရီးလစ်ရှ်တို့ ချန်လှပ်ခံခဲ့ရကြောင်း သိရပါတယ်။ အင်္ဂလန်အသင်းဟာ အောက်တိုဘာလ ၉ ရက်မှာ ဝေးလ်စ်အသင်းနဲ့ ခြေစမ်းပွဲ ယှဉ်ပြိုင်ကစားမှာဖြစ်ပြီး အောက်တိုဘာလ ၁၄ ရက်မှာ လတ်ဗီးယားအသင်းနဲ့ ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ ယှဉ်ပြိုင်ကစားရမှာဖြစ်ပါတယ်။ သောမတ်စ်တူချဲလ် က ပြီးခဲ့တဲ့စက်တင်ဘာလ နိုင်ငံတကာရက်သတ္တပတ်မှာ တံကောက်ကြောဒဏ်ရာကြောင့် လွဲချော်ခဲ့ရတဲ့ အာဆင်နယ်ကစားသမား ဆာကာ ကို ပြန်လည်ရွေးချယ်ခဲ့ပေမယ့် ရီးယဲလ်အသင်းအတွက် ပြန်ကစားနိုင်ပြီဖြစ်တဲ့ ဘယ်လင်ဂမ် ကို ချန်လှပ်ခဲ့ခြင်းအတွက် အဓိကမေးခွန်းထုတ်နေကြပါတယ်။ သောမတ်စ်တူဟယ်လ်က နောက်ဆုံးစခန်းသွင်းခဲ့ချိန်ဟာ သုံးပတ်သာ ရှိသေးတဲ့အတွက် နိုင်ပွဲတွေ ရယူနိုင်ခဲ့တဲ့ အဲဒီလူစာရင်းကို အပြောင်းအလဲအနည်းငယ်သာ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း ဖြေရှင်းပြောကြားခဲ့ပါတယ်။ အခုရွေးချယ်လိုက်တဲ့ အင်္ဂလန်အသင်းရဲ့ နောက်ဆုံးလူစာရင်းမှာ မန်ယူနဲ့ လီဗာပူးလ်အသင်းက ကစားသမားတစ်ဦးမှ ပါဝင်ခြင်းမရှိဘဲ ချဲလ်ဆီးအသင်းကလည်း ရီးစ်ဂျိမ်းစ်တစ်ဦးသာ ပါဝင်တဲ့အတွက် ပရိသတ်တွေက လှောင်ပြောင် ခဲ့ကြပါတယ်။ (NVS 008)