“ဆယ်ဗင်ညို ကို နှစ်နှစ်သက်တမ်းတိုးခဲ့တဲ့ မန်စီးတီးအသင်း”
05 Oct
မန်စီးတီးအသင်းဟာ ဘရာဇီးလ်တောင်ပံကစားသမား ဆယ်ဗင်ညို ကို နှစ်နှစ်သက်တမ်းတိုးပြီး စာချုပ်သစ် ချုပ်ဆိုခဲ့ပါတယ်။ အသက် ၂၁ နှစ်အရွယ် ဆယ်ဗင်ညို အနေနဲ့ စာချုပ်သစ်အရ မန်စီးတီးအသင်းမှာ ၂၀၃၁ ခုနှစ်အထိ ရှိနေတော့ မှာ ဖြစ်ပါတယ်။ ဆယ်ဗင်ညို ဟာ ပြီးခဲ့တဲ့နှစ် နွေရာသီက ပိုင်ရှင်တူကလပ် ထရွိုင်စ်အသင်းကနေ ပေါင် ၃၀ ဒသမ ၈ သန်းနဲ့ မန်စီးတီးအသင်းကို ပြောင်းရွှေ့လာခဲ့တာ ဖြစ်ပါတယ်။ ဆယ်ဗင်ညို ဟာ အသင်းအတွက် ပြိုင်ပွဲစုံ ၅၄ ပွဲ ကစားရာမှာ ၄ ဂိုးသွင်းကာ ဂိုးဖန်တီးမှုူ ၁၂ ကြိမ် ပြုလုပ်ပေးခဲ့ပါတယ်။ (NVS 008)
05 Oct