“လာလီဂါတစ်လတာအကောင်းဆုံးကစားသမားဆုကို ဒုတိယအကြိမ်မြောက် ဆွတ်ခူးခဲ့တဲ့ အမ်ဘာပေ”

05 Oct

ရီးရဲလ်တိုက်စစ်မှူး အမ်ဘာပေ ဟာ စက်တင်ဘာလအတွက် လာလီဂါတစ်လတာ အကောင်းဆုံး ကစားသမားဆုကို ဒုတိယအကြိမ်မြောက် ဆွတ်ခူးခဲ့ပါတယ်။ အမ်ဘာပေ ဟာ လာလီဂါတစ်လတာအကောင်းဆုံးဆုကို ပြီးခဲ့တဲ့ဇန်နဝါရီလကလည်း ရရှိဖူးပြီး အခု ဒုတိယအကြိမ်မြောက်လည်း ထပ်မံရရှိဖြစ်ခဲ့တာ ဖြစ်ပါတယ်။ အမ်ဘာပေ ဟာ စက်တင်ဘာလအတွင်း လာလီဂါပွဲစဉ် ၄ ပွဲကစားရာမှာ သွင်းဂိုး ၄ ဂိုးအထိသွင်းယူနိုင်ခဲ့ပြီး ဂိုးဖန်တီးပေးမှု တစ်ကြိမ် ပြုလုပ်နိုင် ခဲ့ပါတယ်။ အမ်ဘာပေ ဟာ ပွဲစဉ်တိုင်းမှာ ဂိုးများသွင်းယူနိုင်ခဲ့ပြီး လီဗန်တေး နဲ့ပွဲမှာ နှစ်ဂိုး၊ ဆိုစီဒက်၊ အက်စ်ပန်ညို၊ အက်သလက်တီကို တို့နဲ့ပွဲစဉ်တွေမှာ တစ် ဂိုးစီသွင်းယူနိုင်ခဲ့ပါတယ်။ လာလီဂါ ပြိုင်ပွဲမှာ ခုနစ်ပွဲကစား ၈ ဂိုး သွင်းယူထားပြီး ဂိုးအများဆုံးစာရင်းမှာ ထိပ်ဆုံးကနေ ဦးဆောင်နေပါတယ်။ ချန်ပီယံလိဂ် ပြိုင်ပွဲမှာတော့ နှစ်ပွဲကစားပြီးချိန် ဟက်ထရစ်တစ်ကြိမ်အပါအဝင် သွင်းဂိုး ၅ ဂိုးအထိ သွင်းယူထားပါတယ်။ (NVS 008)

05 Oct

ADVERTISE HERE .