ကမ္ဘာ့အကောင်းဆုံး နောက်ခံလူဖြစ်လာရန် မျှော်လင့်နေတဲ့ ဆလီဘာ
03 Oct
အာဆင်နယ်အသင်း နောက်ခံလူ ဆလီဘာ က အသင်းနှင့် ၂၀၃၀ ပြည့်နှစ်အထိ သက်တမ်းရှိသည့် ငါးနှစ်စာချုပ်သစ် ချုပ်ဆိုပြီးနောက် ကမ္ဘာ့အကောင်းဆုံး နောက်ခံလူဖြစ်လာရန် မျှော်လင့်ကြောင်း ပြောကြားခဲ့ ပါတယ်။ အသက် ၂၄ နှစ်အရွယ် ပြင်သစ်လက်ရွေးစင်နောက်ခံလူ ဆလီဘာ ရဲ့ မူလစာချုပ်မှာ ၂၀၂၇ ခုနှစ်တွင် သက်တမ်းကုန်ဆုံးတော့မှာဖြစ်လို့ အသင်းတာဝန်ရှိသူများက ထပ်မံချုပ်ဆိုခဲ့ခြင်းဖြစ်ပါတယ်။ ဆလီဘာ က အသင်းနည်းပြ အာတီတာ နဲ့ နည်းပြအဖွဲ့က ၎င်းကို ကမ္ဘာ့အကောင်းဆုံး နောက်ခံလူတစ်ဦးဖြစ်လာရန် ကူညီ ပေးလိမ့်မည်ဟုလည်း ပြောကြားခဲ့ပါတယ်။ ဆလီဘာ က အသင်းနည်းပြက ကမ္ဘာ့အကောင်းဆုံး နည်းပြတွေထဲက တစ်ဦးဖြစ်သလို သူက အများကြီး ကူညီခဲ့ကြောင်း၊ နည်းပြအဖွဲ့ဝင်တွေက ကမ္ဘာ့အကောင်းဆုံးနောက်ခံလူတွေထဲက တစ်ဦးဖြစ်စေရန်နဲ့ ဆုဖလားတွေ ရရှိနိုင်အောင် ကူညီပေးမယ်မျှော်လင့်ကြောင်း ပြောခဲ့ပါတယ်။(NVS 008)
03 Oct