အိုလီဆေး က ဒီဘရိုင်း ကဲ့သို့ ဖြစ်လာနိုင်ကြောင်း နည်းပြ ကွန်ပနီ ပြောကြား

03 Oct

ဘိုင်ယန်မြူးနစ်အသင်း နည်းပြ ကွန်ပနီ က ကွင်းလယ်တိုက်စစ်ကစားသမား အိုလီဆေး ဟာ မန်စီးတီးအသင်းကစားသမား ဒီဘရိုင်း ကဲ့သို့ ဖြစ်လာနိုင်ကြောင်း ချီးကျူးပြောကြားခဲ့ပါတယ်။ ကွန်ပနီ အနေနဲ့ ဘိုင်ယန်မြူးနစ်အသင်းကို ရောက်ရှိသည့် ပထမဆုံးရာသီတွင် ခရစ္စတယ်ပဲလေ့စ်အသင်းထံမှ အိုလီဆေး ကို ယူရိုသန်း ၆၀ ဖြင့် ခေါ်ယူခဲ့ခြင်းဖြစ်ပါတယ်။ အိုလီဆေး အနေနဲ့ ပြီးခဲ့တဲ့ရာသီမှာ ဘိုင်ယန်မြူးနစ်အသင်းအတွက် ၅၅ ပွဲကစားပြီး ဂိုး၂၀ သွင်းယူကာ ခြေစွမ်း ပြနိုင်ခဲ့ပါတယ်။ ဒါကြောင့် ကွန်ပနီ က မန်စီးတီးအသင်းရဲ့ အကောင်းဆုံးကစားသမားတစ်ဦးဖြစ်ခဲ့တဲ့ ဒီဘရိုင်း ကဲ့သို့ ဘိုင်ယန်မြူးနစ်အသင်းအတွက် ကာလရှည်အားထားရမည့်သူ ဖြစ်လာနိုင်ကြောင်း ပြောကြားခဲ့တာဖြစ်ပါတယ်။(NVS 008)

03 Oct

ADVERTISE HERE .