အန်ဇိုဖာနန်ဒက်ဇ် အတွက် ဗယ်ဗာဒီ နဲ့ အလဲအထပ်ပြုလုပ်သွားရန် ရီးရဲလ်အသင်းစီစဉ်
03 Oct
ချဲလ်ဆီးအသင်းအနေနဲ့ ရီးရဲလ်မက်ဒရစ်အသင်းက ခေါ်ယူရန်ကြိုးပမ်းနေသည့် ကွင်းလယ်ကစားသမား အန်ဇိုဖာနန်ဒက်ဇ် ကို ခံစစ်ကစားသမား ဗယ်ဗာဒီ နှင့် အလဲအထပ်ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရပါတယ်။ ချဲလ်ဆီးအသင်းက အန်ဇိုဖာနန်ဒက်ဇ် ကို ကလပ်အသင်း စံချိန်တင်ပြောင်းရွှေ့ကြေး စတာလင်ပေါင် သန်း ၁၁ဝ ကျော်ဖြင့် ခေါ်ယူခဲ့ပြီး ကစားသမားဟာ အသင်းတွင် ခြေစွမ်းပြနိုင်သော်လည်း ယခုရာသီတွင် ကစားပုံ တည်ငြိမ်မှုမရှိသဖြင့် ရီးရဲလ်မက်ဒရစ်အသင်းရဲ့ ကမ်းလှမ်းမှုကိုလက်ခံ၍ ကစားသမားချင်း အလဲအထပ်ပြုလုပ် သွားလိုကြောင်း စီစဉ်ခဲ့တာဖြစ်ပါတယ်။ ရီးရဲလ်မက်ဒရစ်အသင်းက အန်ဇိုဖာနန်ဒက်ဇ် ကို အနာဂတ်စီမံကိန်းအတွက် ခေါ်ယူလိုနေပြီး အသင်းတွင် ခြေစွမ်းပြနေသည့် ဗယ်ဗာဒီ နှင့် အလဲအထပ်ပြုလုပ်ရန် အစီအစဉ်မရှိကြောင်းပြောကြားခဲ့ပြီး အန်ဇိုဖာနန်ဒက်ဇ် အား ခေါ်ယူနိုင်မည့် နည်းလမ်းကိုသာ ဆက်လက်ရှာဖွေသွားမည်ဖြစ်ကြောင်း သိရပါတယ်။ အန်ဇိုဖာနန်ဒက်ဇ် ဟာ ချဲလ်ဆီးအသင်းသို့ ၂၀၂၂ ခုနှစ်က ရောက်ရှိခဲ့ပြီး ပထမဆုံးဘောလုံးရာသီတွင် ခြေစွမ်းပြသရန် ရုန်းကန်ခဲ့ရသော်လည်း ဒုတိယရာသီမှစတင်ပြီး အဓိကကစားသမားတစ်ဦးဖြစ်လာကာ ပြိုင်ပွဲစုံ ၁၂၄ ပွဲတွင် သွင်းဂိုး ၁၉ ဂိုးနှင့် ဂိုးဖန်တီးမှု ၂၃ ကြိမ်ထိပြုလုပ်နိုင်ခဲ့ပါတယ်။ ပုံစံကောင်းများ ပြသနိုင်ခဲ့သော်လည်း အသင်းရဲ့ ဘဏ္ဍာရေးအကျပ်အတည်းကြောင့် အသင်းတာဝန်ရှိသူများက ၎င်းကိုလက်လွှတ်ရန် ဆုံးဖြတ်ထားကြောင်း သိရပါတယ်။(NVS 008)