ဆော်ဒီကလပ်အသင်းများက ကော်တင်ဟို ကိုခေါ်ယူရန် စိတ်ဝင်စား
03 Oct
ဆော်ဒီကလပ်အသင်းများက ဘရာဇီးလ်ကလပ် ဗာစကိုဒဂါးမားအသင်းတွင် ခြေစွမ်းပြနေသည့် ကော်တင်ဟို ကိုခေါ်ယူရန် စိတ်ဝင်စားနေကြောင်း သိရပါတယ်။ လီဗာပူးလ်အသင်းတွင် ငါးနှစ်ကြာကစားခဲ့ပြီး ဘာစီလိုနာ၊ အင်တာမီလန်၊ ဘိုင်ယန်မြူးနစ် စတဲ့ ဥရောပထိပ်တန်းအသင်းတွေမှာ ကစားခဲ့ဖူးတဲ့ ကော်တင်ဟို အနေနဲ့ ယခုနှစ်နွေရာသီတွင် အက်စတွန်ဗီလာ အသင်းနဲ့ စာချုပ်ဖျက်သိမ်းကာ ငယ်ဘဝအသင်းဟောင်း ဗာစကိုဒဂါးမားအသင်းသို့ ပြန်လည်ပြောင်းရွှေ့ခဲ့ခြင်းဖြစ်ပါတယ်။ အသက် ၃၃ နှစ်ရှိပြီဖြစ်တဲ့ ကော်တင်ဟို ဟာ ဗာစကိုဒဂါးမားအသင်းအတွက် ၄၁ ပွဲကစားပြီး ၁၁ ဂိုးသွင်းယူ ကာ ခြေစွမ်းပြနေပြီး ပြောင်းရွှေ့ကြေးအဖြစ် ပေါင် ၂ သန်းနှင့် ၃ သန်း ကြားသာ အသုံးပြုရမှာဖြစ်ပါတယ်။ ဆော်ဒီ ကလပ်အသင်းများက မြင့်မားတဲ့လစာနှုန်းထား ပေးချေမှာဖြစ်တာကြောင့် ကော်တင်ဟို ရဲ့ အပြောင်းအရွှေ့က ဖြစ်မြောက်လာနိုင်ကြောင်း သုံးသပ်မှုများရှိနေပါတယ်။(NVS 008)