တိုက်စစ်မှူးဗလာဟိုဗစ် ကို ရောင်းထုတ်မည်မဟုတ်ကြောင်း ချီလီနီ ပြော

03 Oct

ဂျူဗင်တပ်စ်အသင်း ဒါရိုက်တာတစ်ဦးဖြစ်တဲ့ ချီလီနီ က တိုက်စစ်မှူး ဗလာဟိုဗစ် ကို ဇန်နဝါရီ အပြောင်းအရွှေ့ဈေးကွက်မှာ ရောင်းထုတ်မှာမဟုတ်ကြောင်း အတည်ပြုပြောကြားခဲ့ပါတယ်။ ဆားဘီးယားတိုက်စစ်မှူး ဗလာဟိုဗစ် အနေနဲ့ ယခုရာသီကုန်တွင် ဂျူဗင်တပ်စ်အသင်းနှင့် စာချုပ်သက်တမ်း ကုန်ဆုံးမှာဖြစ်လို့ ဂျူဗင်တပ်စ်အသင်းက ဇန်နဝါရီလတွင် ရောင်းထုတ်ရန်ဆန္ဒရှိနေကြောင်း သတင်းများ ထွက်ပေါ်လျက်ရှိပါတယ်။ ဗလာဟိုဗစ် ကို ချဲလ်ဆီး၊ မန်ယူနှင့် ဘိုင်ယန်မြူးနစ်အသင်းတို့က ခေါ်ယူရန်စိတ်ဝင်စားနေကြောင်း သတင်းများထွက်ပေါ်လာခဲ့ပြီးနောက် ချီလီနီ က ယခုလိုပြောကြားခဲ့ခြင်းဖြစ်ပါတယ်။ ဗလာဟိုဗစ် ဟာ ဂျူဗင်တပ်စ် ကစားသမားအဖြစ် ၂၀၂၆ ခုနှစ် ဇွန်လအထိ ဆက်ရှိသွားမှာဖြစ်ပြီး ထွက်ပေါ်နေတဲ့သတင်းတွေက စိတ်ကူးယဉ်ဆန် ကြောင်း ပြောကြားခဲ့ပါတယ်။(NVS 008)

03 Oct

ADVERTISE HERE .