တရုတ်နိုင်ငံ၏အထင်ကရ ကုန်သွယ်ရေးစင်္ကြံကုန်စည်ပမာဏ ပထမသုံးလပတ် သုံးခုတွင် ၇၀.၃ ရာခိုင်နှုန်း ခုန်တက်လာ

03 Oct

နိုင်ငံတကာ ကုန်းလမ်း-ပင်လယ်ရေကြောင်း ကုန်သွယ်ရေးစင်္ကြံသစ်၏ ကုန်စည်ပမာဏ တစ်ဟုန်ထိုး မြင့်တက်လာရာတွင် ယခင်နှစ်အလားတူကာလထက် ၇၀.၃ ရာခိုင်နှုန်းမြင့်တက်ကာ ယခုနှစ် ပထမသုံးလပတ် တွင် ပေ၂၀ ကွန်တိန်နာ စံအတိုင်းအတာယူနစ် (TEUs) ၁.၀၉ သန်း ရှိခဲ့ကြောင်းသိရသည်။ ယခုနှစ်သည် ရထားလမ်းနှင့် ပင်လယ်ရေကြောင်းဝန်ဆောင်မှု စတင်ချိန်ကတည်းက ကုန်စည်ပမာဏ တိုးတက်မှုအမြန်ဆုံးနှုန်းဖြစ်ပြီး ၂၄၇ ရက်အတွင်း TEU တစ်သန်းပြည့်မြောက်သည့် မှတ်တိုင်ကို ရောက်ရှိ ခဲ့ကြောင်း၊ လက်ရှိတိုးတက်မှုအရှိန်အဟုန်အရ နှစ်စဥ်ကုန်စည်ပမာဏသည် TEU ၁.၃ သန်း ကျော်လွန်မည်ဟု ခန့်မှန်းထားကြောင်း တရုတ်နိုင်ငံရထားလမ်းနန်နင်းဂရု(ပ်)မှ Zhao Jian က ပြောကြားခဲ့သည်။ ၂၀၂၅ ခုနှစ် သြဂုတ်လကုန်အထိ ကုန်သွယ်ရေးစင်္ကြံမှတစ်ဆင့် ကုန်စည်ပို့ဆောင်မှု အမျိုးအစားပေါင်း ၁,၃၁၆ မျိုးအထိ ကျယ်ပြန့်ခဲ့ပြီး အီလက်ထရောနစ်ထုတ်ကုန်ပစ္စည်းများ၊ မော်တော်ယာဥ်များနှင့် ယာဥ်အပို ပစ္စည်းများ၊ စက်ယန္တရားများနှင့် စားသောက်ကုန်များအပါအဝင် အဓိကကုန်အမျိုးအမည် ဒါဇင်များစွာ လွှမ်းခြုံ ခဲ့ကြောင်း အနောက်ဘက်ဒေသ၏ အဆင့်မြင့်ဖွံဖြိုးတိုးတက်မှုအတွက် ကြီးထွားလာသည့် မောင်းနှင်အားသစ် များကို အားပေးမြှင့်တင်ခဲ့ကြောင်းသိရသည်။ ယခုနှစ်အစကတည်းက ချုံ့ချင့်နှင့် ချိန်တူးမြို့ရှိ ကုမ္ပဏီများမှထုတ်လုပ်သည့် စွမ်းအင်သစ်အသုံးပြုသည့် မော်တော်ယာဥ်များကို ပြည်ပနိုင်ငံများသို့ ကုန်သွယ်ရေးစင်္ကြံမှတစ်ဆင့် မကြာခဏ သင်္ဘာတင်ပို့ခဲ့ကြောင်း Zhao က ထပ်လောင်းပြောကြားခဲ့သည်။ နိုင်ငံတကာ ကုန်းလမ်း-ပင်လယ်ရေကြောင်း ကုန်သွယ်ရေးစင်္ကြံသစ်၏ ရထားလမ်းနှင့် ပင်လယ် ရေကြောင်း ပေါင်းစပ်ရထားများသည် တရုတ်နိုင်ငံပြည်နယ် ၁၈ ခုရှိ မြို့ပေါင်း ၇၅ မြို့ကို ရောက်ရှိကာ ကမ္ဘာ တစ်ဝန်း ၁၂၇ နိုင်ငံရှိ ဆိပ်ကမ်းပေါင်း ၅၇၇ ခုကို ချိတ်ဆက်ထားကြောင်း သိရသည်။

03 Oct

ADVERTISE HERE .