ကုန်ဈေးနှုန်းသတင်း ၃.၁၀.၂၀၂၅

03 Oct

အောက်တိုဘာလ ၃ ရက်အတွက် ရန်ကုန်ဘုရင့်နောင် ကုန်စည်ဒိုင်တွေကနေရရှိတဲ့ ကုန်ဈေးနှုန်းတွေအရ မတ်ပဲဈေး ဆက်တိုက်ကျဆင်းနေသလို ပဲစင်းငုံနီဈေးလည်း အနည်းငယ် ကျဆင်းလာပါတယ်။ စားတော်ပဲ၊ အားလူးနဲ့ ကြက်သွန်နီ၊ ကြက်သွန်ဖြူဈေးတွေကတော့ အနည်းငယ် တက်လာပါတယ်။ ထန်းလျက်၊ သကြားနဲ့ အခြားပဲအများစု ဈေးတွေကတော့ ဈေးငြိမ်နေပါတယ်။ မတ်ပဲ(FAQ/RC) တစ်တင်း ကို ၉၀,၆၄၂ ကျပ်၊ မတ်ပဲ(SQ/RC) တစ်တင်းကို ၉၉,၉၆၄ ကျပ်၊ မတ်ပဲ(Raw) တစ်ပိဿာကို ၄,၅၈၀ ကျပ်ကနေ ၄,၆၂၀ ကျပ်၊ ပဲစင်းငုံနီ တစ်တင်းကို ၈၁,၄၈၂ ကျပ်၊ ပဲတီစိမ်း တစ်ပိဿာကို ၅,၁၆၅ ကျပ်ကနေ ၈,၃၅၀ ကျပ်၊ ပဲလွန်းဖြူ တစ်ပိဿာကို ၄,၂၅၀ ကျပ်ကနေ ၄,၅၈၅ ကျပ်၊ ပဲလွန်းနီ တစ်ပိဿာကို ၃,၉၁၅ ကျပ်ကနေ ၄,၀၈၅ ကျပ်၊ ပဲကြီး တစ်ပိဿာကို ၅,၉၁၀ ကျပ်ကနေ ၇,၄၃၅ ကျပ်၊ ထောပတ်ပဲ တစ်ပိဿာကို ၃,၅၀၅ ကျပ်၊ ဘိုကိတ်ပဲ တစ်ပိဿာကို ၃,၅၈၀ ကျပ်ကနေ ၃,၇၅၀ ကျပ်၊ စားတော်ပဲလုံး တစ်ပိဿာကို ၁၂,၅၀၀ ကျပ်ကနေ ၁၃,၀၀၀ ကျပ်၊ ပြောင်းဆန် တစ်ပိဿာကို ၁,၅၅၀ ကျပ်ကနေ ၁,၅၇၀ ကျပ်၊ ကုလားပဲခြမ်း တစ်ပိဿာကို ၅,၇၀၀ ကျပ်ကနေ ၆,၃၀၀ ကျပ်၊ ပဲပုပ်မြစ်ဝကျွန်း‌ပေါ်(ဆီတိုး/အထွက်တိုး) တစ်ပိဿာ ကို ၅,၅၀၀ ကျပ်ကနေ ၆,၀၈၅ ကျပ်၊ ကြက်သွန်နီ တစ်ပိဿာကို ၅၀၀ ကျပ်ကနေ ၁,၉၅၀ ကျပ်၊ ကြက်သွန်ဖြူ တစ်ပိဿာကို ၃,၀၀၀ ကျပ်ကနေ ၁၁,၀၀၀ ကျပ်၊ ထန်းလျက် တစ်ပိဿာကို ၄,၄၀၀ ကျပ်ကနေ ၇,၂၀၀ ကျပ်၊ မန်ကျည်းသီး တစ်ပိဿာကို ၄,၈၀၀ ကျပ်ကနေ ၉,၀၀၀ ကျပ်၊ သကြား တစ်ပိဿာကို ၄,၄၀၀ ကျပ်ကနေ ၄,၆၅၀ ကျပ်၊ အာလူး တစ်ပိဿာကို ၆,၅၀၀ ကျပ်ကနေ ၆,၇၀၀၊ ပုစွန်ခြောက်(ရခိုင်ရွှေပုစွန်) တစ်ပိဿာကို ၁၂၀,၀၀၀ ကျပ်ကနေ ၂၀၀,၀၀၀ ကျပ်၊ ငါးနှပ်ခြောက် တစ်ပိဿာကို ၂၁,၀၀၀ ကျပ်ကနေ ၅၅,၀၀၀ ကျပ်၊ ငါးရွှေ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်ကနေ ၂၅,၀၀၀ ကျပ်၊ ငါးမီးတံသွယ် တစ်ပိဿာကို ၇,၀၀၀ ကျပ်ကနေ ၉,၀၀၀ ကျပ် ဖြစ်ပေါ်နေပါတယ်။ နိုင်ငံခြားငွေလဲလှယ်နှုန်းတွေကတော့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ထုတ်ပြန်ချက်အရ အမေရိကန် တစ်ဒေါ်လာကို မြန်မာငွေ ၂,၁၀၀ ကျပ်နဲ့ စင်ကာပူတစ်ဒေါ်လာကို မြန်မာငွေ ၁,၆၄၀ ကျပ် ဖြစ်ပါတယ်။ ပြင်ပပေါက် ဈေးအရ အမေရိကန်တစ်ဒေါ်လာကို မြန်မာငွေ ၄,၀၂၅ ကျပ်နဲ့ စင်ကာပူတစ်ဒေါ်လာကို မြန်မာငွေ ၃,၁၂၅ ကျပ် ဖြစ်နေပါတယ်။ စက်သုံးဆီဈေးနှုန်းတွေကတော့ ရေနံထွက်ပစ္စည်း ကြီးကြပ်စစ်ဆေးရေးဦးစီးဌာန (PPRD)၏ နေ့စဉ်ထုတ်ပြန် ချက်အရ - -Octane 92 တစ်လီတာကို ရန်ကုန်မှာ ၂,၈၃၀ ကျပ်၊ မန္တလေးမှာ ၂,၉၄၀ ကျပ်၊ နေပြည်တော်မှာ ၂,၉၁၀ ကျပ်။ -Octane 95 တစ်လီတာကို ရန်ကုန်မှာ ၂,၈၉၅ ကျပ်၊ မန္တလေးမှာ ၃,၀၁၀ ကျပ်၊ နေပြည်တော်မှာ ၂,၉၇၅ ကျပ်။ -ဒီဇယ် တစ်လီတာကို ရန်ကုန်မှာ ၂,၅၄၅ ကျပ်၊ မန္တလေးမှာ ၂,၆၅၅ ကျပ်၊ နေပြည်တော်မှာ ၂,၆၂၅ ကျပ်။ -Premium ဒီဇယ် တစ်လီတာကို ရန်ကုန်မှာ ၃,၁၁၅ ကျပ်၊ မန္တလေးမှာ ၃,၂၃၀ ကျပ်၊ နေပြည်တော်မှာ ၃,၁၉၅ ကျပ် ရှိနေပါတယ်။ ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းလုပ်ငန်းရှင်များအသင်း (YGEA) ၏ ယနေ့ထုတ်ပြန်ချက်အရ အကယ်ဒမီ မီးလင်းရွှေဈေးနှုန်းကတော့ ကျပ်သိန်း (၅,၉၉၀,၀၀၀/-) ငါးဆယ် ကိုးသိန်း ကိုးသောင်းကျပ် ရှိပြီး ပြင်ပပေါက်ဈေးမှာ ကျပ်သိန်း (၇,၉၄၀,၀၀၀ိ/-) ခုနစ်ဆယ် ကိုးသိန်း လေးသောင်းကျပ် ရှိနေတယ်လို့ သိရပါတယ်။

03 Oct

ADVERTISE HERE .