“လစ်ဗရာမန်တို ၆ ပတ်ကနေ ၈ ပတ်အထိ နားရမည်”

03 Oct

နယူးကာဆယ်အသင်းရဲ့ အင်္ဂလန်နောက်ခံလူ လစ်ဗရာမန်တို ဟာ အာဆင်နယ်အသင်းနဲ့ပွဲမှာရခဲ့တဲ့ ဒူးဒဏ်ရာကြောင့် ၆ ပတ်ကနေ ၈ ပတ်လောက်အထိ နားရတော့မှာဖြစ်ပါတယ်။ စိန့်ဂျိမ်းပါ့ခ်တွင် ကစားခဲ့တဲ့ ပွဲစဉ်မှာ လစ်ဗရာမန်တို ဟာ ပွဲချိန် ၇၇ မိနစ်မှာပဲ ဒဏ်ရာရရှိခဲ့ပြီးနောက် ထမ်းစင်နဲ့ ကွင်းပြင်ကို ထွက်ခွာခဲ့ရတာဖြစ်ပါတယ်။ လစ်ဗရာမန်တို ဟာ ဆောက်သမ်တန်အသင်းမှာ ကစားခဲ့တဲ့ ၂၀၂၂ ခုနှစ်တုန်းကလည်း ဒူးအရွတ်ထိခိုက်မှု ကြောင့် ၁ နှစ်နီးပါးအနားယူခဲ့ရဖူးတာဖြစ်ပါတယ်။ အခုတစ်ကြိမ်လည်း ဒူးအရွတ်ဒဏ်ရာထပ်ရခဲ့တာဖြစ်ပေမယ့် ကာလရှည် နားရမှာတော့ မဟုတ်ဘူးလို့သိရပြီး နယူးကာဆယ်အသင်းဘက်ကတော့ အများဆုံး ၈ ပတ်လောက် အထိပဲ နားရဖို့ကို မျှော်လင့်နေပါတယ်။ လစ်ဗရာမန်တို ဟာ ၂၀၂၃ မှာ နယူးကာဆယ်အသင်းဆီကို ရောက်လာပြီး နောက်ပိုင်း အသင်းရဲ့ အဓိက ကစားသမားတွေထဲကတစ်ယောက်အဖြစ် နေရာရခဲ့တာဖြစ်ပါတယ်။ လစ်ဗရာမန်တို ဟာ အသင်းရဲ့အရေးပါတဲ့ ကစားသမားဖြစ်လို့ အခုလိုမျိုး အနားယူရဖို့ ရှိနေတာက အသင်း အတွက် စိတ်ပျက်စရာ ဖြစ်ပါတယ်လို့ နယူးကာဆယ်နည်းပြ အက်ဒီဟောင်းကပြောပါတယ်။ နယူးကာဆယ်ဟာ လစ်ဗရာမန်တို နားနေရမယ့် ၂ လတာကာလအတွင်း ပြိုင်ပွဲစုံပွဲစဉ် ၁၂ ပွဲလောက်အထိ ကစားရဖို့ရှိနေတာ ဖြစ်ပါတယ်။ (NVS 008)

03 Oct

ADVERTISE HERE .