“အင်္ဂလန်တစ်နှစ်တာအကောင်းဆုံးကစားသမားဆုကို ဘယ်လင်ဟမ် ရရှိ”
03 Oct
၂၀၂၄-၂၅ ဘောလုံးရာသီအတွက် အင်္ဂလန်တစ်နှစ်တာအကောင်းဆုံးကစားသမားဆုကို ရီးရဲလ်အသင်းရဲ့ ကွင်းလယ်လူ ဘယ်လင်ဟမ် က ရရှိသွားခဲ့ပါတယ်။ ပရိသတ်တွေရဲ့ မဲပေးရွေးချယ်မှုမှာ ဘယ်လင်ဟမ် ဟာ ဟယ်ရီကိန်းနဲ့ ဒီကလန်ရိုက်စ်တို့ကို ကျော်ဖြတ်ပြီး အကောင်းဆုံးကစားသမားအဖြစ် ရွေးချယ်ခြင်းခံရတာ ဖြစ်ပါတယ်။ အသက် ၂၂ နှစ်အရွယ် ဘယ်လင်ဟမ် က ပြီးခဲ့တဲ့ဘောလုံးရာသီမှာ ရီးရဲလ်အသင်းနဲ့အတူ ချန်ပီယံလိဂ်ရော လာလီဂါလိဂ်မှာပါ အောင်မြင်မှုရယူနိုင်ခဲ့ခြင်းမရှိပေမယ့် သူ့ရဲ့ကွင်းအတွင်းစွမ်းဆောင်ရည်ကို ပရိသတ်တွေ သဘောကျနှစ်ခြိုက်ခဲ့တာကြောင့် အခုလိုအကောင်းဆုံးကစားသမားအဖြစ် ရွေးချယ်ခံလိုက်ရတာ ဖြစ်ပါတယ်။ အခုဆုကို ၂၀၀၆ ခုနှစ်က ဘိုင်ယန်မြူးနစ်အသင်းမှာ ကစားနေတဲ့ အင်္ဂလန်ကွင်းလယ်လူ ဟားဂရေ့ဗ် က ရရှိထားခဲ့ဖူးတာ ဖြစ်ပါတယ်။ (NVS 008)
03 Oct