“ရှန်ဟိုင်းမာစတာပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်မယ့် ဘင်ရှဲလ်တန်”

03 Oct

ဒဏ်ရာကြောင့် ပြိုင်ပွဲ ၃ ခုကို လွဲချော်ခဲ့ပြီးနောက် ကမ္ဘာ့အဆင့် (၆) အမေရိကန်နိုင်ငံသား ဘင်ရှဲလ်တန် ဟာ ရှန်ဟိုင်းမာစတာပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်မှာဖြစ်တယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့လက ယူအက်စ်အိုးပင်း တတိယ အဆင့်ပွဲစဉ်အဖြစ်ယှဉ်ပြိုင်ခဲ့တဲ့ ပြင်သစ်နိုင်ငံသား မန်နာရီနိုနဲ့ ပွဲမှာ ပုခုံးနာကျင်မှုဒဏ်ရာကို ခံစားခဲ့ရပြီးနောက် ရှဲလ်တန် ဟာ ပြိုင်ပွဲဝင်ပြိုင်မှုကနေ အနားယူနေခဲ့တာ ဖြစ်ပါတယ်။ ဒါဟာ ရှဲလ်တန် ရဲ့ ကစားသမားဘဝမှာ ပထမဆုံးအကြိမ်အဖြစ် အေတီပီတိုးပွဲစဉ်တွေ ဝင်ရောက်ယှဉ်ပြိုင်မှု ကနေ အနားယူခဲ့တာဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ ရှဲလ်တန် ရဲ့ပုခုံးဒဏ်ရာက ပြန်လည်သက်သာလာပြီ ဖြစ်သလို ကြံ့ခိုင်မှုလည်း ပြည့်ဝနေပြီဖြစ်လို့ အခုလိုမျိုးပြိုင်ပွဲတွေ ပြန်လည်ဝင်ပြိုင်ဖို့ကို ဆုံးဖြတ်လိုက်တာ ဖြစ်ပါတယ်။ ဒဏ်ရာကနေ ပြန်ကောင်းလာဖို့ အချိန်တစ်ခုလိုအပ်ခဲ့ပြီး လက်ရှိအချိန်မှာ ကြံ့ခိုင်မှုအပြည့်နဲ့ ပါဝင် ယှဉ်ပြိုင်ဖို့အတွက် ရောက်ရှိနေတာဖြစ်တယ်လို့ ပြိုင်ပွဲအကြိုအင်တာဗျူးမှာ ရှဲလ်တန် က ပြောကြားသွားခဲ့ပါတယ်။ (NVS 008)

03 Oct

ADVERTISE HERE .