“ခရစ္စတယ်ပဲလေ့စ်အသင်းရဲ့ ရှုံးပွဲမရှိစံချိန် ၁၉ ပွဲအထိ ရောက်ရှိလာ”
03 Oct
ခရစ္စတယ်ပဲလေ့စ်အသင်းဟာ မနေ့က ယှဉ်ပြိုင်ကစားခဲ့တဲ့ ကွန်းဖရန့်လိဂ်ပွဲမှာ ဒိုင်နမိုကိဗ်အသင်းကို သွင်းဂိုး ၂ ဂိုးနဲ့ အနိုင်ရခဲ့တာကြောင့် ပြိုင်ပွဲစုံရှုံးပွဲမရှိတာ ပြိုင်ပွဲစုံ ၁၉ ပွဲအထိ ရှိလာခဲ့ပြီဖြစ်ပါတယ်။ ခရစ္စတယ်ပဲလေ့စ်အသင်းဟာ ဧပြီလတုန်းက ပရီးမီးယားလိဂ်မှာ နယူးကာဆယ်အသင်းကို ၅ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပြီး နောက်ပိုင်း ယှဉ်ပြိုင်ကစားခဲ့တဲ့ ပြိုင်ပွဲစုံ ၁၉ ပွဲမှာ ရှုံးပွဲမရှိအောင် စွမ်းဆောင်နိုင်ခဲ့တာဖြစ်ပြီး ပြိုင်ပွဲစုံ ၁၁ ပွဲနိုင်၊ ၈ ပွဲ သရေကျခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် ပဲလေ့စ်အသင်းဟာ လက်ရှိအချိန်မှာ ဥရောပထိပ်တန်းလိဂ် ၅ ခုထဲမှာ ရှုံးပွဲမရှိတဲ့ ပွဲဆက်အများဆုံး အသင်းအဖြစ် ရပ်တည်နေသလို၊ အသင်းရဲ့သမိုင်းတစ်လျှောက် အရှည်ကြာဆုံး ရှုံးပွဲမရှိမှတ်တမ်းကို ပိုင်ဆိုင်ထားတာ ဖြစ်ပါတယ်။ ပဲလေ့စ်အသင်းဟာ ဒီရာသီမှသာ ဥရောပပြိုင်ပွဲကို စတင်ယှဉ်ပြိုင်ခွင့်ရရှိခြင်းဖြစ်လို့ ဒိုင်နမိုကိဗ်အသင်း ကို အနိုင်ရရှိခြင်းက ပထမဆုံးဥရောပအဆင့်နိုင်ပွဲအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်းလည်း သိရပါတယ်။ (NVS 008)