“ကင်နာဗာရို ကို နည်းပြအဖြစ် ခန့်အပ်ဖို့ ကြိုးပမ်းနေတဲ့ ဥဇဘက်ကစ္စတန်ဘောလုံးအဖွဲ့ချုပ်”

02 Oct

ဥဇဘက်ကစ္စတန်ဘောလုံးအဖွဲ့ချုပ်ဟာ အီတလီလက်ရွေးစင်နောက်ခံလူဟောင်း ကင်နာဗာရို ကို နည်းပြအဖြစ် ခန့်အပ်ဖို့ ကြိုးပမ်းနေကြောင်း သိရပါတယ်။ အသက် ၅၂ နှစ်ရှိပြီဖြစ်တဲ့ ကင်နာဗာရို ဟာ ၂၁ ရာစုအတွင်း Ballon d'Or ဆုရရှိဖူးတဲ့ တစ်ဦးတည်းသော နောက်ခံလူဖြစ်ပြီး ၂၀၁၁ ခုနှစ်မှာ ကစားသမားဘဝက အနားယူခဲ့ပြီးတဲ့နောက် ၂၀၁၃ ခုနှစ်မှာ နည်းပြလောကကို ဝင်ရောက်ခဲ့ပြီး ကွမ်ကျိုးအဲဗားဂရင်း၊ အယ်လ်နာဆာ၊ တီယန်ဂျင်း၊ တရုတ်လက်ရွေးစင်၊ ဘင်နီဗန်တို၊ အူဒီးနီးစ်နဲ့ ဒိုင်နမိုဇာဂရက်အသင်းတွေကို ကိုင်တွယ်ကာ လက်ရှိအချိန်မှာတော့ အသင်းလက်မဲ့ဖြစ်နေပါတယ်။ ဒါကြောင့် ဥဇဘက်ကစ္စတန်ဘောလုံးအဖွဲ့ချုပ်က လက်ရွေးစင်အသင်းနည်းပြအဖြစ် ခန့်အပ်ဖို့ ကြိုးပမ်း နေခြင်းဖြစ်ကြောင်း သိရပါတယ်။ ဥဇဘက်ကစ္စတန်အသင်းက လက်ရွေးစင်ကစားသမားဟောင်း ကာပက်ဇီ ရဲ့ ဦးဆောင်မှုနဲ့ ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်ထားပြီဖြစ်ပေမယ့် ကင်နာဗာရို ကို နည်းပြသစ်အဖြစ် ပြောင်းလဲခန့်အပ်ပြီး ကမ္ဘာ့ဖလားပြိုင်ပွဲဆင်နွှဲဖို့ ဆန္ဒရှိနေခြင်းဖြစ်ကြောင်း သိရပါတယ်။ (NVS 008)

02 Oct

ADVERTISE HERE .