“လီဝန်ဒေါစကီး ကို ခေါ်ယူဖို့ အေးဂျင့်ဖြစ်သူနဲ့ ဆွေးနွေးနေတဲ့ အေစီမီလန်အသင်း”

02 Oct

အေစီမီလန်အသင်းဟာ ဘာစီလိုနာအသင်းရှိ ပိုလန်တိုက်စစ်မှူး လီဝန်ဒေါစကီး ကို ခေါ်ယူဖို့ သူ့ရဲ့အေးဂျင့် ဖြစ်သူနဲ့ စတင်ဆွေးနွေးနေကြောင်း သိရပါတယ်။ လီဝန်ဒေါစကီးဟာ ဘာစီလိုနာအသင်းနဲ့ ၂၀၂၆ နွေရာသီမှာ စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်ပြီး သက်တမ်းတိုးဖို့ အလားအလာနည်းပါးနေပါတယ်။ ဒါကြောင့် ပြောင်းရွှေ့ကြေးအလွတ်နဲ့ ရရှိနိုင်မယ့် လီဝန်ဒေါစကီး ကို အေစီမီလန်အသင်းက ခေါ်ယူဖို့ စိတ်ဝင်စားနေတာဖြစ်ပြီး ဆွေးနွေးမှုအဆင်ပြေရင် တရားဝင်ကမ်းလှမ်းမှု ပြုလုပ်သွားမယ်လို့ သိရပါတယ်။ လီဝန်ဒေါစကီးဟာ အသက် ၃၇ နှစ်ရှိပြီဖြစ်ပေမယ့် ခြေစွမ်းပြနေဆဲဖြစ်ပြီး ဒီရာသီမှာ ဘာစီလိုနာအသင်း အတွက် ပြိုင်ပွဲစုံ ၇ ပွဲကစားကာ သွင်းဂိုး ၄ ဂိုးသွင်းယူပေးထားပါတယ်။ လီဝန်ဒေါစကီးကတော့ ဘာစီလိုနာအသင်းနဲ့ တစ်နှစ်သက်တမ်းတိုးပြီး စပိန်မြေမှာ နောက်ထပ်တစ်ရာသီ ဆက်ကစားသွားဖို့ ဆန္ဒရှိနေကြောင်း သိရပါတယ်။ (NVS 008)

02 Oct

ADVERTISE HERE .