“ဂိုးသမား ခရိတ်ဂေါ်ဒွန် ကို ပြန်လည်ရွေးချယ်ခဲ့တဲ့ စကော့တလန်အသင်း”

02 Oct

စကော့တလန်လက်ရွေးစင်အသင်းနည်းပြ စတိဗ်ကလာ့ခ် က အသက် ၄၂ နှစ်ရှိပြီဖြစ်တဲ့ ဝါရင့်ဂိုးသမား ခရိတ်ဂေါ်ဒွန် ကို ပြန်လည်ရွေးချယ်ခေါ်ယူလိုက်ကြောင်း သိရပါတယ်။ စကော့တလန်အသင်းဟာ အောက်တိုဘာလ ၉ ရက်မှာ ဂရိ၊ အောက်တိုဘာလ ၁၂ ရက်မှာ ဘယ်လာရုစ် အသင်းတွေနဲ့ ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ ဆင်နွှဲရမှာဖြစ်တာကြောင့် လူစာရင်းထုတ်ပြန်ရာမှာ စတိဗ်ကလာ့ခ် က ခရိတ်ဂေါ်ဒွန် ကို ပြန်လည်ခေါ်ယူခဲ့ခြင်း ဖြစ်ပါတယ်။ ၂၀၀၄ ခုနှစ်မှာ စကော့တလန်လက်ရွေးစင်အဖြစ် စတင်ရွေးချယ်ခံခဲ့ရတဲ့ ခရိတ်ဂေါ်ဒွန် ဟာ ဆန်းဒါးလန်း အသင်းနဲ့အတူ ပရီးမီးယားလိဂ်မှာ ကစားခဲ့ဖူးသူဖြစ်ပြီး လက်ရှိအချိန်မှာတော့ ငယ်ဘဝအသင်းဟောင်းဖြစ်တဲ့ စကော့တလန်ကလပ် Heart of Midlothian အသင်းမှာ ကစားနေတာ ဖြစ်ပါတယ်။ ခရိတ်ဂေါ်ဒွန် ဟာ ဒီရာသီမှာ ကလပ်အသင်းအတွက် ကစားခွင့်မရသေးပေမယ့် လည်ပင်းဒဏ်ရာ သက်သာ ပျောက်ကင်းခဲ့ပြီဖြစ်တာကြောင့် စတိဗ်ကလာ့ခ်က လက်ရွေးစင်အသင်းအတွက် ပြန်လည်ခေါ်ယူခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။ (NVS 008)

02 Oct

ADVERTISE HERE .