“ကျိုက္ခမီဆုတောင်းပြည့်ရေလယ်ဆံတော်ရှင်မြတ်ဘုရားကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပမည်”
02 Oct
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်ရှိ ကျိုက္ခမီဆုတောင်းပြည့် ရေလယ်ဆံတော်ရှင်မြတ်ဘုရားကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်ကို သီတင်းကျွတ် လဆန်း ၁၄ ရက်မှလပြည့်ကျော် ၅ ရက်အထိ ၇ ရက်တိုင်တိုင် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရပါတယ်။ သီတင်းကျွတ်လပြည့်နေ့ နံနက် ၃ နာရီမှာ ဆွမ်းအိုးမျောပွဲကို ရပ်ဝေး/ရပ်နီးများမှ ဘုရားဖူးများ၊ ဆွမ်းအိုးမျော သူများနှင့်စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်မှာဖြစ်ပါတယ်။ ဒါ့အပြင် သီတင်းကျွတ်လပြည့်နေ့ နံနက်ပိုင်းမှာ အဘိဓမ္မာအခါတော်နေ့ အခမ်းအနားကို ရေလယ်ဘုရားကုန်းတော်ပေါ်ရှိ သာသနာ့ဗိမာန်ခန်းမဆောင်၌ ကျင်းပသွားမည်ဖြစ်ကြောင်း တာဝန်ရှိသူများက ပြောကြားထားခဲ့ပါတယ်။ ကျိုက္ခမီဆုတောင်းပြည့်ရေလယ်ဆံတော်ရှင်မြတ်ဘုရားကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်ကို နှစ်စဉ်သီတင်းကျွတ် လဆန်း ၁၄ ရက်မှ လပြည့်ကျော် ၅ ရက်အထိ ကျင်းပလေ့ရှိပြီ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးများဖြင့် စည်ကားလျက် ရှိကြောင်း သိရပါတယ်။ (NVS 004)ခ