“တိုင်းဒေသကြီး မြို့နယ်အသီးသီးမှာ မဲစာရင်းများ ပထမအကြိမ် စတင်ကပ်ထား”
02 Oct
မကြာမီမှာ စတင်ကျင်းပတော့မယ့် အထွေထွေရွေးကောက်ပွဲအတွက် ပထမအကြိမ် မဲစာရင်းများကို သက်ဆိုင်ရာရပ်ကွက် ကျေးရွာကော်မရှင်ရုံးခွဲများတွင် စတင်ကပ်ထားနေပြီ ဖြစ်ပါတယ်။ အခုလိုကပ်ထားခြင်းက စက်တင်ဘာလ ၃၀ ရက်မှ အောက်တိုဘာလ ၁၃ ရက်ထိ ၁၄ ရက်ကြာမြင့်မည် ဖြစ်ကာ မိမိအမည်မဲစာရင်းမှာ မပါဝင်ပါက ပုံစံ(၃)ဖြင့် မဲစာရင်းမှာ အမည်ထည့်သွင်းပေးရန်တောင်းဆိုရမှာ ဖြစ်ပါတယ်။ မဲဆန္ဒရှင်များအနေနဲ့ မဲစာရင်းများကို လာရောက်ကြည့်ရှုပြီး မိမိအမည်မဲစာရင်းမှာ မပါဝင်ပါက ပုံစံ(၃)ဖြင့် မဲစာရင်းတွင် အမည်ထည့်သွင်းပေးရန် တောင်းဆိုခြင်း၊ မပါဝင်သင့်သူများ ပါဝင်နေပါက ပုံစံ (၄) ဖြင့် ကန့်ကွက်ခြင်း၊ မဲစာရင်းပါ အချက်အလက်များ မှားယွင်းနေပါက ပုံစံ (၄-ဂ)နဲ့ ပြင်ဆင်လွှာတင်သွင်းခြင်းတို့ကို ဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း ရွေးကောက်ပွဲကော်မရှင်က အသိပေးထားပါတယ်။ အဆိုပါပုံစံများကိုလည်း ရပ်ကွက်/ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲရုံးများမှာ အခမဲ့(အခမဲ့)ရယူနိုင်ပြီး ဖြည့်စွက်ခြင်း၊ ပယ်ဖျက်ခြင်း၊ ပြင်ဆင်ခြင်းတို့ဆောင်ရွက်ပြီးပါက အထွေထွေရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်စာရင်း ကို ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလအတွင်း နောက်ဆုံးအကြိမ်အဖြစ် ထပ်မံကပ်ထားကြေညာမည်ဖြစ်ကြောင်း သိရပါတယ်။ မဲဆန္ဒရှင်များအနေဖြင့်လည်း လိုအပ်သော တောင်းဆိုမှု၊ ပြင်ဆင်မှု၊ ကန့်ကွက်မှုများ ထပ်မံဆောင်ရွက် နိုင်ကြောင်း အသိပေးထားပါတယ်။ လာမည့်ရွေးကောက်ပွဲ အပိုင်း(၁)ကို မြို့နယ် ၁၀၂ ခုတွင်မှာ ဒီဇင်ဘာလ ၂၈ ရက် မှာ စတင်ကျင်းပမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အသိပေးထားပါတယ်။ (NVS 004)