“ပဲခူးတိုင်းဒေသကြီးမှ အသက်အကြီးဆုံး အဘိုးနှင့်အဘွားတို့အား ဂုဏ်ပြုငွေများပေးအပ်”
02 Oct
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့ရှိ ဗုဒ္ဓအသံဓမ္မဗိမာန်မှာ အပြည်ပြည်ဆိုင်ရာသက်ကြီးပုဂ္ဂိုလ်များနေ့အခမ်းအနား ကို အောက်တိုဘာလ ၁ ရက်ကကျင်းပရာ ပဲခူးတိုင်းဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းနှင့် ဇနီး၊ တာဝန်ရှိသူများ တက်ရောက်ခဲ့ ကြပါတယ်။ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီးတို့မှ ပဲခူးတိုင်းဒေသကြီးအတွင်းမှ အသက်အကြီးဆုံးဖြစ်တဲ့ မိုးညိုမြို့နယ်၊ ဘိုးဘိုကျွန်းကျေးရွာအုပ်စုမှ အသက် ၁၁၈ နှစ်ရှိ အဘိုးဦးတင်ဟန်နှင့် ရေတာရှည်မြို့နယ်၊ တခွဲကျဲကျေးရွာမှ အသက် ၁၁၇ နှစ်ရှိ အဘွားဒေါ်ပြုံးကြည်တို့ကို ဂုဏ်ပြုငွေကျပ် ၃ သိန်းစီကန်တော့ခဲ့ကြပါတယ်။ ထို့နောက် တာဝန်ရှိသူများက ပဲခူးမြို့ပေါ်ရပ်ကွက်များနှင့် သပြေကုန်းဘိုးဘွားရိပ်သာတို့မှ အသက် ၈၅ နှစ်အထက် အဘိုးအဘွား ၆၀ ဦးတို့အား ကန်တော့ပစ္စည်းများပေးအပ်၍ကန်တော့ခဲ့ကြပြီး ကျန်းမာရေးဝန်ထမ်းများ မှလည်း ဘိုးဘွားများအား ကျန်းမာရေးစောင့်ရှောက်မှုများပြုလုပ်ပေးခဲ့ကြပါတယ်။ (NVS 004)