“သီတင်းကျွတ်ရေကျော်ပွဲဈေး စတင်ကျင်းပနေ”

02 Oct

ရန်ကုန်တိုင်းဒေသကြီး၊ ပုဇွန်တောင်မြို့နယ်၊ ရေကျော်ပွဲဈေးကို အောက်တိုဘာလ ၁ ရက်မှ ၇ ရက်အထိ ကျင်းပသွားလျက်ရှိပါတယ်။ ကိုဗစ်ရောဂါကပ်ဘေးကာလကတည်းက ၄ နှစ်ကျော်ကြာ မကျင်းပဖြစ်ခဲ့တဲ့ ရေကျော်ပွဲဈေးကို ပြီးခဲ့တဲ့ တန်ဆောင်တိုင်လမှာ အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အဖြစ် ပြန်လည်ကျင်းပခဲ့ပါတယ်။ အဆိုပါ ရေကျော် ပွဲဈေးကို ပုဇွန်တောင်မြို့နယ်၊ အမှတ် (၈) ရပ်ကွက်မှာ သီတင်းကျွတ်ကာလတွင် နှစ်စဉ်ကျင်းပလေ့ရှိပြီး အလွန်စည်ကားတဲ့ ပွဲဈေးလည်းဖြစ်ပါတယ်။ ရေကျော်ပွဲဈေးကို ရန်ကုန်မြို့က ပြည်သူတွေ အများအပြားလာရောက်လည်ပတ်လေ့ရှိသလို အနုပညာရှင် များလည်း လာရောက်လည်ပတ်လေ့ရှိတဲ့ ပွဲတစ်ခုဖြစ်သည်။ ရေကျော် သီတင်းကျွတ်မီးထွန်းပွဲတော်ကို ၂၀၁၉ ခုနှစ် က နောက်ဆုံးကျင်းပခဲ့ခြင်းဖြစ်ပြီး မုန့်ဆိုင်တန်းများ၊ ကစားစရာရောင်းချသည့် ဆိုင်ခန်းများ၊ အပျော်ဆော့ ကစားနိုင်တဲ့ နေရာများအပြင် စတိတ်စင်များဖြင့်ပါ ဖျော်ဖြေရေးများ ကျင်းပခဲ့ကြောင်း သိရပါတယ်။ (NVS 004)

02 Oct

ADVERTISE HERE .