“(၆၀) ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲကျင်းပမည်”

02 Oct

လာမည့်နိုဝင်ဘာလအတွင်း (၆၀) ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲကို ကျင်းပသွားမည် ဖြစ်ကြောင်း သိရပါတယ်။ (၆၀) ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲကို ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ပထမအပတ်တွင် နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ ကျင်းပသွားမည်ဖြစ်ရာ မြန်မာ့ပုလဲများ၊ ကျောက်မျက်ရတနာ များနှင့် ကျောက်စိမ်းများကို ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရပါတယ်။ အဆိုပါ မြန်မာ့ကျောက်မျက်ရတနာပြပွဲသို့ ပါဝင်တက်ရောက်လိုသည့် ဂျပန်နိုင်ငံရှိ ကျောက်မျက်ရတနာ ကုမ္ပဏီများ၊ အဖွဲ့အစည်းများ၊ လုပ်ငန်းရှင်များအနေဖြင့် အသေးစိတ်အချက်အလက်များကို သိရှိလိုပါက မြန်မာသံရုံး၊ တိုကျိုမြို့၏ ဖုန်းနံပါတ်- ၀၃- ၃၄၄၁ ၉၂၉၁ နှင့် အီးမေးလ်- ecos [email protected] သို့ဆက်သွယ် နိုင်ကြောင်း မြန်မာသံရုံး၊ တိုကျိုမြို့က အသိပေးထားပါတယ်။ (NVS 004)

02 Oct

ADVERTISE HERE .