“ဂျပန်အိုးပင်းပြိုင်ပွဲမှာ ချန်ပီယံဖြစ်ခဲ့တဲ့ အယ်ကာရက်ဇ်”

01 Oct

ပြီးခဲ့တဲ့ အောက်တိုဘာလ ၃၀ ရက်က ယှဉ်ပြိုင်ကစားခဲ့တဲ့ ဂျပန်အိုးပင်းဖိုင်နယ်ပွဲစဉ်မှာ စပိန်တင်းနစ်သမား အယ်ကာရက်ဇ် က အမေရိကန်တင်းနစ်သမား တေလာဖရစ်ဇ် ကို အနိုင်ရရှိခဲ့ပြီး ရှစ်ကြိမ်မြောက် ချန်ပီယံဆုကို ရရှိခဲ့ပါတယ်။ အဆိုပါဂျပန်အိုးပင်းဖိုင်နယ်ပွဲစဉ်မှာ ထိပ်တန်းအဆင့်ရှိ ကားလို့စ် အယ်ကာရက်ဇ် က တေလာဖရစ်ဇ် ကို လက်စွမ်းအသာစီးနဲ့ ယှဉ်ပြိုင်ကစားနိုင်ခဲ့ပြီး ၆-၄၊ ၆-၄ ဆိုတဲ့ရလဒ် အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။ အယ်ကာရက်ဇ် ဟာ ခြေကျင်းဝတ်ဒဏ်ရာ ရရှိခဲ့ပေမယ့် အကောင်းဆုံးပုံစံနဲ့ ယှဉ်ပြိုင်ကစားနိုင်ခဲ့တာ ဖြစ်ပါတယ်။ အယ်ကာရက်ဇ်အနေနဲ့ တေလာဖရစ်ဇ် ကို နှစ်ပွဲဆက်တိုက် ရှုံးနိမ့်မှုကို ပြန်လည်ချေပနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ (NVS 008)

01 Oct

ADVERTISE HERE .