“တိုက်စစ်မှူး ဟာရီကိန်း ကို သက်တမ်းတိုးဖို့ ကြိုးပမ်းနေတဲ့ ဘိုင်ယန်မြူးနစ်အသင်း”

01 Oct

ဘိုင်ယန်မြူးနစ်အသင်းဟာ တိုက်စစ်မှူး ဟာရီကိန်း ကို စာချုပ်သက်တမ်းတိုးဖို့ ပြင်ဆင်ကြိုးပမ်းနေတယ်လို့ သိရပါတယ်။ ဘိုင်ယန်အားကစားဒါရိုက်တာကလည်း စာချုပ်သက်တမ်းတိုးမယ့်ကိစ္စအတွက် ဟာရီကိန်း နဲ့ ဆွေးနွေး မယ်လို့ ပြောကြားခဲ့ပါတယ်။ ဟာရီကိန်း ဟာ ဘိုင်ယန်အသင်းနဲ့ ၂၀၂၇ ခုနှစ်အထိ စာချုပ်သက်တမ်း ရှိနေပေမယ့် စာချုပ်မှာ လျော်ကြေးပမာဏ ထည့်သွင်းထားပြီး ရာသီကုန်မှာ ပရီးမီးယားလိဂ်ကို ပြန်လည်ပြောင်းရွှေ့ဖွယ်ရှိတယ်လို့ သိရပါတယ်။ ဟာရီကိန်း ဟာ ပြီးခဲ့တဲ့အပတ်က ဘိုင်ယန်အသင်းအတွက် ပြိုင်ပွဲစုံ ၁၀၄ ပွဲနဲ့ ဂိုး ၁၀၀ ပြည့်မြောက်ခဲ့ပြီး ဥရောပထိပ်တန်းလိဂ် ငါးခုမှာ ကလပ်တစ်သင်းတည်းအတွက် ပွဲအနည်းဆုံးကစားကာ ဂိုး ၁၀၀ အမြန်ဆုံး ပြည့်မြောက်သူ ဖြစ်လာခဲ့တယ်။ (NVS 008)

01 Oct

ADVERTISE HERE .