“နည်းပြနေရာအတွက် ဆောက်ဂိတ်၊ ဂလက်စနာနဲ့ အီရာအိုလာ တို့သုံးဦးကို ပစ်မှတ်ထားနေတဲ့ မန်ယူအသင်း”
01 Oct
မန်ယူအသင်းအနေနဲ့ ရလဒ်ဆိုးတွေနဲ့ ရင်ဆိုင်နေရတဲ့ အာမိုရင်မ် နေရာအစားထိုးဖို့ အင်္ဂလန် လက်ရွေးစင် အသင်းနည်းပြဟောင်း ဆောက်ဂိတ်၊ ပဲလေ့စ်အသင်း နည်းပြ ဂလက်စနာနဲ့ ဘုန်းမောက်အသင်း နည်းပြ အီရာအိုလာ တို့သုံးဦးကို ပစ်မှတ်ထားနေကြောင်း သိရပါတယ်။ မန်ယူအသင်းဘုတ်အဖွဲ့ဟာ အာမိုရင်မ် ရဲ့ အနာဂတ်ကို ထောက်ခံချက်ပေးထားကြောင်း မန်ချက်စတာဒါဘီ ပွဲစဉ် ရှုံးပွဲအပြီးမှာ သတင်းများထွက်ပေါ်လာခဲ့ပါတယ်။ ဒါပေမယ့် မန်ယူအသင်းမှာ ယခုတစ်ပတ်တွင် ဘရန့်ဖို့ဒ် အသင်းကို ထပ်မံရှုံးနိမ့်ခဲ့ပြီးနောက် အာမိုရင်မ် နေရာ အစားထိုးဖို့ ဆောက်ဂိတ်၊ ဂလက်စနာ၊ အီရာအိုလာ တို့သုံးဦးကို ပစ်မှတ်ထားတယ်လို့ သိရပါတယ်။ ဆောက်ဂိတ် ဟာ ပြီးခဲ့သည့်နှစ် နိုဝင်ဘာလက အာမိုရင်မ်ကို ခန့်အပ်စဉ် ကတည်းက လျာထားစာရင်းမှာ ပါဝင်ခဲ့တာ ဖြစ်ပါတယ်။ (NVS 008)
01 Oct