“ဂါဇာဒေသ အပစ်အခတ်ရပ်စဲရေးအစီအစဉ် ထရမ့်ထုတ်ပြန်ကြေညာ”

01 Oct

အမေရိကန်သမ္မတထရမ့်သည် အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုနှင့်ဝါရှင်တန်တွင် စက်တင်ဘာလ ၂၉ ရက် က ဆွေးနွေးခဲ့ပြီးနောက် ဂါဇာဒေသအပစ်အခတ်ရပ်စဲရေးအစီအစဉ်ကို ထုတ်ပြန်ကြေညာခဲ့ကြောင်း သိရသည်။ နေတန်ယာဟုနှင့်ဆွေးနွေးပြီးနောက် သတင်းစာရှင်းလင်းပွဲကျင်းပရာတွင် ထရမ့် က မိမိအနေဖြင့် အာရပ်နိုင်ငံများမှ ခေါင်းဆောင်များနှင့် ဝန်ကြီးချုပ်နေတန်ယာဟုအား အပစ်အခတ်ရပ်စဲရေးအစီအစဉ်အပေါ် သဘောတူသည့် အတွက် ကျေးဇူးတင်ရှိကြောင်း ထရမ့်ကပြောကြားသည်။ အချက် ၂၀ ပါရှိသည့် ဂါဇာဒေသ အပစ်အခတ်ရပ်စဲရေး အစီအစဉ်အား အဖွဲ့အစည်းအားလုံးမှ သဘောတူပါက ဂါဇာဒေသရှိ လက်နက်ကိုင်ပဋိပက္ခ ချက်ချင်းပြီးစီးမည် ဖြစ် ကြောင်း ၎င်း က ပြောကြားသည်။ အဆိုပါအပစ်အခတ်ရပ်စဲရေး အစီအစဉ်အရ စစ်ဆင်ရေးများကို ရပ်ဆိုင်းမည်ဟု သိရသည်။ ယင်းအပစ်အခတ်ရပ်စဲရေး အစီအစဉ်အရ ဟားမတ်စ်အဖွဲ့သည် ထိန်းသိမ်းထားသည့် ဓားစာခံများအား ၇၂ နာရီအတွင်း လွှတ်ပေးရမည်ဖြစ်သည်။ အပစ်အခတ်ရပ်စဲရေးအစီအစဉ်ကို မိမိလက်ခံကြောင်းနှင့် ၎င်း အစီအစဉ်အရ ဟားမတ်စ်အဖွဲ့က ထိန်းသိမ်း ထားသည့် အစ္စရေးဓားစာခံများ အစ္စရေးသို့ပြန်လာရမည်ဖြစ်ကာ ဟားမတ်စ်အဖွဲ့၏စစ်ရေးစွမ်းပကားကို ကန့်သတ် နိုင်မည်ဖြစ်ပြီး ဂါဇာဒေသတွင် ဟားမတ်စ်အဖွဲ့၏အုပ်ချုပ်မှုကို အဆုံးသတ်စေမည်ဖြစ်ကြောင်းနှင့် ဂါဇာဒေသသည် အစ္စရေးအတွက် အဟန့်အတားအဖြစ် တည်ရှိတော့မည်မဟုတ်ကြောင်း နေတန်ယာဟု က ပြောကြားသည်။ အကယ်၍ ဟားမတ်စ်အဖွဲ့အနေဖြင့် အပစ်အခတ်ရပ်စဲရေးအစီအစဉ်ကို လိုက်နာဆောင်ရွက်ခြင်းမရှိက အစ္စရေး အနေဖြင့် တုံ့ပြန်ဆောင်ရွက်မည်ဟု အစ္စရေးဝန်ကြီးချုပ် က ပြောကြားသည်။ ယင်းအပစ်အခတ် ရပ်စဲရေးအစီအစဉ် သည် မိမိတို့ထံသို့ရောက်ရှိခြင်းမရှိကြောင်းနှင့်၎င်းအစီအစဉ်ကို အစ္စရေး၏အမြင်ဖြင့် ရေးဆွဲသည်ဟု မိမိတို့ယူဆ ကြောင်း ဟားမတ်စ်အဖွဲ့ကပြောကြားသည်။ ကာတာနိုင်ငံ ဒိုဟာတွင် ဖြစ်ပွားသည့် တိုက်ခိုက်မှုအတွက် ဝမ်းနည်း ကြောင်း ကာတာဝန်ကြီးချုပ် ရှိတ်မိုဟာမက် ဗင်အဗ္ဗဒူရာမန်အယ်သာနီ က ဖုန်းဖြင့် ဆွေးနွေးစဉ်အတွင်း မိမိအား ပြောကြားခဲ့သည်ဟု နေတန်ယာဟု က ပြောကြားသည်။ ယခုလ အစောပိုင်းတွင် ကာတာနိုင်ငံ ဒိုဟာတွင် အပစ် အခတ်ရပ်စဲရေး ဆွေးနွေးရန် ရောက်ရှိနေသည့် ဟားမတ်စ်အဖွဲ့အား အစ္စရေး က တိုက်ခိုက်ခဲ့ရာ ဟားမတ်စ် အဖွဲ့ဝင် ငါးဦးနှင့် ကာတာတာဝန်ရှိသူတစ်ဦး သေဆုံးကြောင်း ဆင်ဟွာသတင်းဌာနဖော်ပြချက်အရ သိရသည်။

01 Oct

ADVERTISE HERE .