“အာဆီယံ သံမဏိဖိုရမ်ကို မြန်မာနိုင်ငံသံနှင့်သံမဏိအသင်းတက်ရောက်”

01 Oct

မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့၌ စက်တင်ဘာလ ၂၉ ရက်မှ အောက်တိုဘာလ ၁ ရက်အထိ ကျင်းပလျက် ရှိသော ASEAN Policymakers Conference on Steel နှင့် 2025 ASEAN Iron & Steel Forum: Sustainability & Construction သို့ မြန်မာနိုင်ငံသံနှင့်သံမဏိအသင်း ဥက္ကဋ္ဌဒေါက်တာကေသီလွင်နှင့် အဖွဲ့ဝင်များ၊ စက်မှုဝန်ကြီးဌာန၊ အကြီးစားစက်မှုလုပ်ငန်း(၁)မှ မန်နေဂျင်းဒါရိုက်တာ ဦးမင်းသူနှင့် ဒုတိယအထွေထွေမန်နေဂျာ ဦးအောင်ကိုထိုက် တို့ တက်ရောက်လျက်ရှိပါတယ်။ မြန်မာနိုင်ငံမှတက်ရောက်လျက်ရှိသောအဖွဲ့မှာ သံမဏိသည် အခြေခံအဆောက်အဦများအတွက် အရေးပါပုံ နှင့် မရှိမဖြစ်လိုအပ်သောပစ္စည်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏ သံမဏိသုံးစွဲမှုနှင့် ကမ္ဘာ့သံမဏိသုံးစွဲမှုများအား နှိုင်းယှဉ် ဆွေးနွေးပြောကြားသွားမှာ ဖြစ်ပါတယ်။ အဆိုပါ ASEAN Steel Forum 2025 တက်ရောက်လျက်ရှိသဖြင့် မြန်မာကိုယ်စားလှယ်များက နောက်ဆက်တွဲမူဝါဒများအတွက် အမြင်အသစ်များရရှိခြင်း၊ စက်မှုတိုးတက်မှုနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းနိုင်မှုအပေါ် အခြေခံနားလည်မှုမြှင့်တင်ခြင်း၊ မြန်မာ့သံမဏိနယ်ပယ်ကို အာဆီယံ အတွင်း အာရုံစိုက်နိုင်ခြင်း၊ နိုင်ငံအတွင်း တိုးတက်မှုနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းနိုင်မှု မြှင့်တင်ခြင်းအကျိုး ကျေးဇူးများရရှိနိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် အာဆီယံနယ်ပယ်မှ သံမဏိမူဝါဒရေးဆွဲသူများနှင့် စက်မှုထိပ်တန်းဦးဆောင်သူများ၏ အတွေ့အကြုံ များကိုလေ့လာပြီး မြန်မာ့သံမဏိနယ်ပယ်တွင်လိုအပ်တဲ့ သင်ခန်းစာများရယူနိုင်ခြင်း၊ တိုးတက်မှုဆိုင်ရာစည်းမျဉ်း အတွေ့အကြုံများလည်း ရရှိနိုင်မှာဖြစ်ပါတယ်။ ပြည်တွင်းနှင့် ဒေသတွင်းသံမဏိလုပ်ငန်းများအတွက် တည်တံ့ ခိုင်မြဲသော ဖွံ့ဖြိုးတိုးတက်မှု၊ ကာဗွန်လျှော့ချရေးမူဝါဒများနှင့် ဆောက်လုပ်ရေးအဆင့်မြှင့်ခြင်းများကို ဆွေးနွေးရန် ရည်ရွယ်၍ ASEAN Steel Forum 2025 ကိုကျင်းပခြင်းဖြစ်ကာ အိမ်ရှင်မလေးရှား၊ ဗီယက်နမ်၊ ထိုင်း၊ စင်္ကာပူ၊ ဖိလစ်ပိုင်၊ မြန်မာ၊ အင်ဒိုနီးရှားနိုင်ငံတို့မှ ကိုယ်စားလှယ်များတက်ရောက်လျက်ရှိပါတယ်။ (NVS 004 )

01 Oct

ADVERTISE HERE .