“ပထမအကြိမ်ကြေညာမည့် မဲစာရင်းများ တစ်အိမ်တစ်ယောက်လာရောက်ပြင်ဆင်ပေးရန် UEC မေတ္တာရပ်ခံ”

01 Oct

စက်တင်ဘာလ ၃၀ ရက်မှ အောက်တိုဘာလ ၁၃ ရက်အထိ ပထမအကြိမ်ကြေညာမည့် မဲစာရင်းများကို တစ်အိမ် တစ်ယောက် လာရောက်ကြည့်ရှုပြင်ဆင်ပေးရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)က မေတ္တာရပ်ခံထားပါတယ်။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်တွင် စတင်ကျင်းပမည့် အထွေထွေ ရွေးကောက်ပွဲအတွက် မဲစာရင်းများကို စက်တင်ဘာလ ၃၀ ရက်မှ အောက်တိုဘာလ ၁၃ ရက်အထိ ၁၄ ရက်ကြာ သက်ဆိုင်ရာရပ်ကွက်/ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲရုံးများနှင့် ကျေးရွာအုပ်စုအတွင်းရှိကျေးရွာများမှာ ပထမအကြိမ် အဖြစ် ကြေညာထားမှာ ဖြစ်ပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် ရပ်ကွက်နှင့်ကျေးရွာအုပ်စုများမှာ ကပ်ထား ကြေညာနိုင်ခြင်းမရှိပါက သက်ဆိုင်ရာမြို့နယ်ကော်မရှင်အဖွဲ့ခွဲရုံးများမှာ မဲစာရင်းကြည့်ရှုနိုင်ရေးဆောင်ရွက်ထားမှာ ဖြစ်ပါတယ်။ မဲဆန္ဒရှင်စာရင်းများ ကပ်ထားကြေညာစဉ် မဲဆန္ဒရှင်များက မဲစာရင်းလာရောက်ကြည့်ရှုမှသာ ပြည့်စုံမှန်ကန်သော မဲစာရင်းရရှိနိုင်မှာ ဖြစ်ပါတယ်။ မဲဆန္ဒရှင်များအနေနဲ့ မဲစာရင်းကို လာရောက်ကြည့်ရှုပြီး မိမိအမည်မဲစာရင်းတွင် မပါဝင်ပါက ပုံစံ (၃) ဖြင့် မဲစာရင်းတွင် အမည်ထည့်သွင်းပေးရန် တောင်းဆိုခြင်း၊ မပါဝင်သင့်သူများပါဝင်နေပါက ပုံစံ (၄) ဖြင့် ကန့်ကွက်ခြင်း၊ မဲစာရင်းပါအချက်အလက်များ မှားယွင်းနေပါက ပုံစံ(၄-ဂ)ဖြင့် ပြင်ဆင်လွှာတင်သွင်းခြင်းတို့ကို ဆောင်ရွက် စေနိုင်ကြောင်း သိရပါတယ်။ လိုအပ်သောပုံစံများကိုလည်း ရပ်ကွက်/ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲရုံးများတွင် အခမဲ့ (အခမဲ့)ရယူနိုင်ပါတယ်။ ထိုသို့ ဖြည့်စွက်ခြင်း၊ ပယ်ဖျက်ခြင်း၊ ပြင်ဆင်ခြင်းတို့ ဆောင်ရွက်ပြီးပါက အထွေထွေ ရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်စာရင်းကို ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလအတွင်းမှာ နောက်ဆုံးအကြိမ်အဖြစ် ထပ်မံ ကပ်ထားကြေညာပေးမှာ ဖြစ်ပါတယ်။ မဲဆန္ဒရှင်များအနေနဲ့လည်း လိုအပ်သော တောင်းဆိုမှု၊ ပြင်ဆင်မှု၊ ကန့်ကွက်မှု များ ထပ်မံဆောင်ရွက်နိုင်မှာဖြစ်ပြီး ပြည့်စုံမှန်ကန်သော မဲဆန္ဒရှင်စာရင်းရရှိရန်အတွက် မဲဆန္ဒရှင် ပြည်သူများ အနေနဲ့ အိမ်ထောင်စုတစ်စုကို အနည်းဆုံးတစ်ဦး(မပျက်မကွက်) လာရောက်ကြည့်ရှုခြင်းနဲ့ ပူးပေါင်းကူညီဆောင်ရွက် ပေးကြပါရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က မေတ္တာရပ်ခံထားပါတယ်။(NVS 004 )

01 Oct

ADVERTISE HERE .