“သီတင်းကျွတ်ပွဲတော်နှင့်အတူ မုံရွာမြို့ပြည်သူ့ဥယျာဉ်ဖွင့်လှစ်မည်”
01 Oct
သီတင်းကျွတ်လပြည့်နေ့ အောက်တိုဘာလ ၆ ရက် ညနေ ၄ နာရီမှာ သီတင်းကျွတ်ပွဲတော်နှင့်အတူ မုံရွာမြို့ ပြည်သူ့ဥယျာဥ် ဖွင့်ပွဲကျင်းပမည်ဖြစ်ကြောင်း သိရပါတယ်။ မုံရွာမြို့ ပြည်သူ့ဥယျာဉ်ဖွင့်ပွဲနှင့် ဆီမီးထွန်းပူဇော်ပွဲ၊ မီးပုံးပျံလွှတ်ပွဲ၊ တေးဂီတဖျော်ဖြေပွဲများ၊ စတုဒီသာ မဏ္ဍပ်များနှင့်အတူ သီတင်းကျွတ်ပွဲတော်ကို စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့က ဦးဆောင်၍ ကျင်းပပြုလုပ်သွား မှာဖြစ်ပါတယ်။ ပွဲတော်သို့ မည်သူမဆို ပျော်ရွှင်စွာပါဝင်ဆင်နွှဲနိုင်ပြီး ဧည့်ခံကျွေးမွေးမည့် စတုဒီသာမဏ္ဍပ် အသီးသီးတွင် နှစ်သက်ရာတို့ကို စားသုံးနိုင်ရန်စီစဥ်လျက်ရှိကြောင်း သိရပါတယ်။ ပြည်သူများ စိတ်အေးချမ်းသာစွာ အပန်းဖြေနားနေနိုင်ရေး၊ ပျော်ရွှင်စွာပါဝင်ဆင်နွှဲနိုင်ရေးတို့အတွက် မုံရွာမြို့ ချမ်းမြဝတီရပ်ကွက်၊ ကျောက္ကာလမ်းမကြီးပေါ်ရှိ ပြည်သူ့ဥယျာဉ်ကြီးတွင် ရောင်စုံမီးပန်းများ၊ အားကစားပစ္စည်းများ စီစဉ်ဆောင်ရွက်ထားရှိပါတယ်။ သီတင်းကျွတ်ပွဲတော် အောင်မြင်စွာကျင်းပပြုလုပ်နိုင်ရေးအတွက် ပွဲတော် ကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးလူမှုရေးရာဝန်ကြီးနှင့်အဖွဲ့ဝင်များ၊ သက်ဆိုင်ရာလုပ်ငန်းကော်မတီ ဝင်များက ကဏ္ဍအလိုက်စီစဉ်ဆောင်ရွက်နေခြင်း ဖြစ်ပါတယ်။ (NVS 004 )