“ဗိုလ်တထောင်ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော်မှာ ဆီမီး ၉,၀၀၀ ထွန်းညှိပူဇော်ပွဲကျင်းပမည်”
01 Oct
ရန်ကုန်မြိုရှိ ဗိုလ်တထောင်ကျိုက်ဒေးအပ် ဆံတော်ဦးစေတီတော်၌ ဆီမီး ၉,၀၀၀ ထွန်းညှိပူဇော်ပွဲကို သီတင်းကျွတ်လပြည့် (အောက်တိုဘာလ ၆ ရက်)နေ့မှာ ကျင်းပပြုလုပ်သွားမှာဖြစ်ကြောင်း စေတီတော် ဂေါပကအဖွဲ့ ထံမှ သိရပါတယ်။ အဆိုပါ ဆီမီး ၉,၀၀၀ ပူဇော်ပွဲအစီအစဉ်အရ လပြည့်နေ့ဖြစ်တဲ့ အောက်တိုဘာလ ၆ ရက် နံနက် ၅ နာရီခွဲ အချိန်မှာ ဗုဒ္ဓဆင်းတုတော်များကို ပန်း၊ ရေချမ်း၊ ဆီမီးများနှင့်အတူ အရုဏ်ဆွမ်းကပ်လှူမည်ဖြစ်ပြီး နံနက် ၇ နာရီမှ စတင်ကာ နန်းဦးတန်ဆောင်းတွင် အဘိဓမ္မာအခါတော်နေ့ဆိုင်ရာ အဘိဓမ္မာခုနစ်ကျမ်း ရွတ်ဖတ်ပူဇော်ခြင်း၊ မေတ္တာဘာဝနာပွားများခြင်း အစီအစဉ်များကို ပြုလုပ်သွားရန် ပြင်ဆင်ထားတယ်လို့လည်း သိရပါတယ်။ (NVS 004 )
01 Oct