“ဆွမ်းဦးပုညရှင်စေတီတော်မြတ်ကြီး ပြန်လည်ပြုပြင်နေမှု ၄၀ ရာခိုင်နှုန်းကျော်ပြီးစီး”
01 Oct
မန္တလေးငလျင်ကြီးဒဏ်ကြောင့် ဆွမ်းဦးပုညရှင်စေတီတော်မြတ်ကြီးမှာ ဆိုးရွာစွာပျက်စီးမှုမရှိခဲ့သော်လည်း သာသနိကအဆောက်အဦများအားလုံး ပြိုကျပျက်စီးခဲ့သဖြင့် သီတဂူဆရာတော်ကြီး၏ ဦးဆောင်လမ်းညွှန်ကြီးကြပ်မှု နဲ့ ဧရာဝတီဖောင်ဒေးရှင်းမှ မတည်လှူဒါန်းမှုတို့နှင့်အတူ ပြန်လည်ပြုပြင်မှုများကိုပြုလုပ်လျက်ရှိပါတယ်။ ဆွမ်းဦးပုညရှင်စေတီတော်မြတ်ကြီးပြင်ဆင်မှုအနေဖြင့် ကြာမှောက်ကြာလှန်၊ ရွှဲသီးနှင့် ခရေသီးများသည် မန္တလေးငလျင်ကြီးဒဏ်ကြောင့် မူလစေတီတော်မြတ်ကြီးနှင့် ပြတ်ကာရွှေ့သွားသဖြင့် ယင်းအပိုင်းကို ဖယ်ရှားပြီး ပြန်လည်တည်ဆောက်လျက်ရှိကာ စေတီတော်အောက်ပိုင်းမှ ကွဲအက်ပျက်စီးသွားသော ပစ္စယံများကို အကောင်း အတိုင်းနီးပါး ပြန်လည်ပြုပြင်ပြီးဖြစ်ကြောင်း သိရပါတယ်။ ဒါ့အပြင် ပြန်တည်တည်ဆောက်မှုအနေနဲ့ စေတီတော် မြတ်ကြီး၏ အရပ်လေးမျက်နှာရှိ ဆင်းတုတော်လေးဆူသီတင်းသုံးပူဇော်မည့် အာရုံခံအဆောက်အဦးများကို တည်ဆောက်နေပြီဖြစ်ကာ စေတီတော်မြတ်ကြီး အရှေ့ဘက်ရှိ ကျွံကျသွားသော ရင်ပြင်တော်များကို ဘိုးပိုင်များနဲ့ ဖောင်ဒေးရှင်းပိုင်ကို စတင်တည်ဆောက်လျက်ရှိကြောင်း သိရပါတယ်။ (NVS 004 )