“အမျိုးသားဇာတ်ရုံ (ရန်ကုန်)၌ Star Legends Live တေးဂီတဖျော်ဖြေပွဲ ကျင်းပပြုလုပ်မည်”
01 Oct
တေးသံရှင်များနှင့် ရုပ်ရှင်သရုပ်ဆောင်များ ပါဝင်ဖျော်ဖြေတင်ဆက်မည့် Star Legends Live တေးဂီတ ဖျော်ဖြေပွဲကြီးကို ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်ရှိ အမျိုးသားဇာတ်ရုံ (ရန်ကုန်)တွင် အောက်တိုဘာလ ၅ ရက် ညနေ ၄ နာရီမှ ည ၁၀ နာရီထိ အမျိုးသားဇာတ်ရုံ (ရန်ကုန်)တွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရပါတယ်။ Star Legends Live တေးဂီတဖျော်ဖြေပွဲတွင် တေးသံရှင် မျိုးကျော့မြိုင်၊ သာဒီးလူ၊ နီနီခင်ဇော်၊ ချောစုခင် တို့က တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေကြမှာဖြစ်ပြီး သရုပ်ဆောင် အလင်းရောင်၊ အေးချမ်းမောင်၊ ခင်ဝင့်ဝါ၊ ပန်းရောင်ခြယ် တို့နှင့် အားပေးသူပရိသတ်များတွေ့ဆုံမှု Fan Club အစီအစဉ်ကိုလည်း ထည့်သွင်းသွားမှာ ဖြစ်ပါတယ်။ အဆိုပါ တေးဂီတဖျော်ဖြေပွဲကို App Show application က စီစဉ်ခြင်းဖြစ်ကြောင်းသိရပါတယ်။ (NVS-004)
01 Oct