“သမိုင်းဝင်ဆံတော်ရှင် ကန်ကြီးစေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော် ကျင်းပမည်”
01 Oct
မွန်ပြည်နယ်၊ မုဒုံမြို့နယ်၌ (၁၅၁)ကြိမ်မြောက် သမိုင်းဝင်ဆံတော်ရှင် ကန်ကြီးစေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်ကို လာမယ့် သီတင်းကျွတ်လပြည့်နေ့တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်ကြောင်း ကန်ကြီးစေတီတော်ဂေါပကအဖွဲ့မှ သိရပါတယ်။ ဆံတော်ရှင်ကန်ကြီးစေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်ကျင်းပရာတွင် မုဒုံမြို့လုံးဆိုင်ရာ ဆရာတော် သံဃာတော်ကြီးများအား မဟာသံဃိက ဆွမ်းကြီးလောင်းလှူပွဲ၊ ငွေပဒေသာပင်များနှင့် လှူဖွယ်ပစ္စည်းများကို မြို့သူမြို့သားများက လောင်းလှူခြင်းများ ပြုလုပ်သွားမှာဖြစ်ပါတယ်။ ဒါ့အပြင် ကန်ကြီးမင်္ဂလာကန်တော်အတွင်း၌ မြန်မာ့ရိုးရာလှေလှော်သဘင်ပြိုင်ပွဲကို နှစ်ရက်ကြာ ထည့်သွင်း ကျင်းပပြုလုပ်သွားမှာဖြစ်သလို မြို့သူမြို့သားများက ဆီမီး ၉,၀၀၀ ဆက်ကပ်လှူဒါန်းသွားမှာဖြစ်လို့ ရပ်ဝေးရပ်နီးရှိ ဒေသခံပြည်သူများအနေနဲ့ လာရောက်ပါဝင်ဆင်နွှဲနိုင်ကြောင်း သိရပါတယ်။ (NVS-004)