“ရန်ကုန်မြို့၌ ပြည်တွင်းဆီစက်များ သီတင်းကျွတ်မြေပဲဆီဈေးရောင်းပွဲတော်ကျင်းပမည်”

01 Oct

ပြည်တွင်းဆီစက်များ သီတင်းကျွတ်မြေပဲဆီ ဈေးရောင်းပွဲတော်ကို မြန်မာနိုင်ငံဆီစက်ပိုင်ရှင်များအသင်းမှ ကြီးမှူး၍ အောက်တိုဘာလ ၁ ရက်မှ ၃ ရက်အထိ လမ်းမတော်မြို့နယ် UMFCCI ရှေ့နှင့် ရန်ကင်းမြို့နယ် ရန်ရှင်းလမ်း၊ ရန်ကုန်မြို့၌ သုံးရက်ကြာကျင်းပသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆီစက်ပိုင်ရှင်များအသင်းမှ သိရပါတယ်။ ပြည်တွင်းဆီဈေးကွက်မှာ ပြည်တွင်းစားသုံးဆီ ကျယ်ကျယ်ပြန့်ပြန့်ရရှိနိုင်ရန်၊ စားသုံးသူများအနေနဲ့ ပြည်တွင်းထုတ် မပြည့်ဝဆီများဖြစ်တဲ့ မြေပဲ၊ နှမ်း၊ နေကြာဆီများကို ပိုမိုစားသုံးလာစေရန် ရည်ရွယ်ကာ လိုသလောက် အကန့်အသတ်မရှိ စားသုံးသူများထံ ရောင်းချပေးသွားမှာဖြစ်ပါတယ်။ ယခင်က ဒေသတွင်းကုန်ကြမ်းပေါများချိန်တွင် ဆီဈေးများကျဆင်းသောကြောင့် လက်ရှိမှာ ပြည်ပတင်သွင်း ဆီများနှင့် ဈေးနှုန်းကွာဟချက်နည်းပါးလျက်ရှိကြောင်း သိရပါတယ်။ (NVS-004)

01 Oct

ADVERTISE HERE .