“စွမ်းအင်ဝန်ကြီးဌာနမှ ပြည်တွင်းထုတ်ဓာတ်ဆီ (RON 77)အား ဖြန့်ဖြူးရောင်းချပေးသွားမည်”
01 Octစွမ်းအင်ဝန်ကြီးဌာနမှ “ပြည်သူလူထု၏ သယံဇာတအား ပြည်သူလူထုထံသို့" ရောက်ရှိစေရေးနှင့် စက်သုံးဆီ ဈေးနှုန်းမြင့်မားမှုအား တစ်ဖက်တစ်လမ်းမှ လျော့နည်းသက်သာစေရန်ရည်ရွယ်၍ ရေနံဓာတုဗေဒ စက်ရုံစု (သံပရာကန်)မှထုတ်လုပ်တဲ့ ပြည်တွင်းထုတ်ဓာတ်ဆီ (RON 68)အား ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်မှစ၍ တစ်လီတာလျှင် ၂,၂၀၀ ကျပ်နှုန်းဖြင့် မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်းလက်အောက်ရှိ စက်သုံးဆီအရောင်းဆိုင်များတွင် အများပြည်သူသို့ လွတ်လပ်စွာ ဖြန့်ဖြူးရောင်းချပေးလျက်ရှိပါတယ်။ ၂၀၂၃ ခုနှစ်တွင် စက်ချွတ်ယွင်း၍ရပ်ဆိုင်းခဲ့ရတဲ့ စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း လက်အောက်ရှိ အမှတ်(၁)ရေနံဓာတ်ငွေ့ရည်စက်ရုံ(မင်းဘူး)အား စက်ရုံကျွမ်းကျင်ဝန်ထမ်းများဖြင့် ပြင်ဆင်မှုများ ဆောင်ရွက်ပြီးဖြစ်၍ လက်ရှိမှာ ပြန်လည်လည်ပတ်လျက်ရှိပါတယ်။ ဒါကြောင့် စက်ရုံမှထုတ်လုပ်သည့် ဓာတ်ဆီ RON 77 ကို တစ်လီတာလျှင် ၂,၂၄၅ ကျပ်နှုန်းဖြင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်ရှိ စက်သုံးဆီအရောင်းဆိုင်အမှတ် (၀၃၅၄)တွင် ယခုအောက်တိုဘာလ ၁ ရက်မှစတင်ပြီး အများပြည်သူသို့လွတ်လပ်စွာ ထပ်မံဖြန့်ဖြူးရောင်းချပေးသွား မှာ ဖြစ်ပါတယ်။ ပြည်သူလူထုအနေဖြင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်ရှိ စက်သုံးဆီအရောင်းဆိုင် အမှတ် (၀၃၅၄)တွင် ပြည်တွင်းထုတ်ဓာတ်ဆီများဖြစ်တဲ့ RON 68 နှင့် RON 77 တို့ကို ဈေးနှုန်းသက်သာစွာ ဝယ်ယူသုံးစွဲနိုင်ကြောင်း စွမ်းအင်ဝန်ကြီးဌာနမှ သိရပါတယ်။ (NVS-004)