“ကမ္ဘာ့လူငယ်စစ်တုရင်ပြိုင်ပွဲမှာ မြန်မာကလေးငယ်က ကိုရီးယားလက်ရွေးစင် ကလေးငယ်ကိုအနိုင်ရ”

30 Sep

ကမ္ဘာ့လူငယ်စစ်တုရင်ပြိုင်ပွဲ၊ အသက် ၁၀ နှစ်အောက်ပွဲစဥ်(၈)ရဲ့ မြန်မာ-ကိုရီးယားပွဲစဥ်မှာ မြန်မာ့ရိုးရာဝတ်စုံ ဖြစ်တဲ့ တိုက်ပုံနဲ့ ပုဆိုးကိုဝတ်ဆင်ပြီး ယှဥ်ပြိုင်ခဲ့တဲ့ မြန်မာကလေးငယ် မောင်သာစစ် က ကိုရီးယားလက်ရွေးစင် ကလေးငယ် Lee Jinwoo ကို အနိုင်ရရှိခဲ့တယ်လို့ သိရပါတယ်။ အဆိုပါ ကမ္ဘာ့လူငယ်စစ်တုရင်ပြိုင်ပွဲကို ကာဇက်စတန်နိုင်ငံ၊ အဲမာတီမြို့မှာ စက်တင်ဘာလ ၁၈ ရက်မှ အောက်တိုဘာလ ၁ ရက်အထိ ကျင်းပနေတာဖြစ်ပြီး မြန်မာကလေးငယ် မောင်သာစစ်က ကိုရီးယားနိုင်ငံ လူငယ်လက်ရွေးစင် Lee Jinwoo ကို ပွဲကစားချိန် ၃ နာရီကြာအောင်ကစားပြီးနောက် အနိုင်ရ‌ရှိခဲ့တာဖြစ်ပါတယ်။ မြန်မာ-ကိုရီးယားပွဲစဥ်ကို ပြိုင်ပွဲရဲ့ ဒိုင်ချုပ် WCCC2025 Chief Arbitor ဖြစ်သူ IVAN SYROVY က လာရောက် အားပေးဂုဏ်ပြုရင်း အမှတ်တရဓါတ်ပုံ ရိုက်ခဲ့တယ်လို့ သိရပြီး အဆိုပါ ကမ္ဘာ့လူငယ်စစ်တုရင်ပြိုင်ပွဲ၊ အသက် ၁၀ နှစ်အောက်ပွဲမှာ နိုင်ငံပေါင်း ၆၆ နိုင်ငံမှ ကလေးလူငယ်စစ်တုရင်ချန်ပီယံ ၁၈၅ ယောက် ၀င်‌ရောက်ယှဥ်ပြိုင်လျက် ရှိတယ်လို့ သိရပါတယ်။ (NVS 008)

30 Sep

ADVERTISE HERE .